ရပ်စောက်မြို့နယ်တွင် ဖဲရိုက်လောင်းကစားပြုလုပ်သူ ၁၁ ဦးကို ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်မြို့နယ်တွင် ဖဲရိုက်လောင်းကစားပြုလုပ်သူ ၁၁ ဦးကို ဖမ်းဆီး


ခင်မော့ဆက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဟွှေးကျေးရွာအုပ်စု၊ အုတ်တွင်းကျေးရွာတွင် ဇွန်လ ၇ ရက်က ဖဲရိုက်လောင်းကစားပြုလုပ်သူ ၁၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
ရပ်စောက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရပ်စောက်မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် လောင်းကစား သတင်းအရ ဇွန်လ ၇ ရက်၊ ည ၇ နာရီခွဲ အချိန်က ဟွှေးကျေးရွာအုပ်စု၊ အုတ်တွင်းကျေးရွာနေ ဦးအေကြူ၏ နေအိမ်အား ဝင်ရောက်ရှာဖွေ ရာ အိမ်ရှင် ဦးအေးကြူ (၆၅ နှစ်)၊ အောင်မြင့်စိုး (၄ ၈နှစ်)၊ စိုးနိုင် (၃ဝ နှစ်)၊ အောင်သိုက် (၁၉ နှစ်)၊ မြင့်ဇော်လတ် (၃နှစ်)၊ ကျော်ဝင်းစိန် (၄၈ နှစ်)၊ မခင်မာဦး (၃ဝ နှစ်)၊ ဒေါ်တင်အေး (၅၆ နှစ်)၊ မခင်ဆွေလှိုင် (၃နှစ်)၊ မသိန်းသိန်းအေး (၃၆ နှစ်)၊ ဒေါ်ကေသီခိုင် (၄၇ နှစ်)တို့ ၁၁ ဦးကို A တံဆိပ်ပါဖဲချပ် ၄၀၊ ငွေစက္ကူရောရာ ၁၅၄၈၇၀၀ နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် လောင်းကစားပြုလုပ်သူများထံမှ လက်ကိုင်ဖုန်းမျိုးစုံ ၈ လုံး၊ ၎င်းတို့စီးနင်းလာသည့် Royal Saloon Crown အဖြူရောင် မော်တော်ယာဉ်တစ်စီး၊ GRANDE Mark အဖြူရောင် မော်တော်ယာဉ်တစ်စီး၊ Luojia-110 အနက်ရောင် ဆိုင်ကယ် တစ်စီး၊ SHINERAY Dream-110 အနက်ရောင်ဆိုင်ကယ် တစ်စီး၊ Luojia-110 အနက်ရောင် ဆိုင်ကယ် တစ်စီး၊ Click-125 အနက်ရောင်ဆိုင်ကယ် တစ်စီး၊ နံပါတ်မပါ Luojia-110 အနက်ရောင်ဆိုင်ကယ် တစ်စီးတို့ကိုတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖဲရိုက်လောင်းကစားပြုလုပ်သူ ၁၁ ဦးကို ရပ်စောက်မြို့မရဲစခန်းမှ (ပ)၆၉/၂၀၂၀ လောင်းကစားဥပဒေပုဒ်မ-၁၆(က)/ ၁၇(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats