ရပ်စောက်ဒေသထွက် စိန်တစ်လုံး သရက်သီးများ စင်္ကာပူသို့ စတင် တင်ပို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, June 10, 2020

ရပ်စောက်ဒေသထွက် စိန်တစ်လုံး သရက်သီးများ စင်္ကာပူသို့ စတင် တင်ပို့


ခင်မော့ဆက်
 .
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ဒေသထွက် စိန်တစ်လုံး သရက်သီး များကို ပြည်ပ ပို့ကုန်အဖြစ် ဇွန်လ ၃ ရက်က စင်္ကာပူနိုင်ငံသို့ စတင် တင်ပို့ ခဲ့ကြောင်း သိရသည်။
.

.
အဆိုပါ စိန်တစ်လုံး သရက်သီး များကို ရပ်စောက်မြို့နယ်၊ မကျီးကုန်း ကျေးရွာအုပ်စု၊ သပြေပင် ကျေးရွာအ နီးရှိ သရက်သီး ပြုပြင် ထုပ်ပိုးရေး စက်ရုံမှ တစ်ဆင့် တင်ပို့ခဲ့ခြင်း ဖြစ် ပြီး အလေးချိန် ၂၇၀ ဂရမ်မှ ၃၂၀ ဂ ရမ် အရွယ်အစား သရက်သီး တစ် တန်လျှင် ငွေကျပ် ၈ သိန်းခွဲ၊ ၃၂၀ ဂရမ်မှ ၃၈၀ ဂရမ် တစ်တန်လျှင် ၁၀ သိန်း ကျပ်၊ ၄၀၀ ဂရမ်မှ ၄၅၀ ဂရမ် တစ်တန်လျှင် ၁၁ သိန်းခွဲကျပ်နှင့် ၄၅၀ ဂရမ်အထက် သရက်သီး တစ် တန်လျှင် ၁၃ သိန်းခွဲကျပ် ဈေးရရှိ မည်ဖြစ်ကြောင်း သိရသည်။
.
ယင်း ဈေးနှုန်းမှာ တောင်သူ လက်ဝယ်သို့ အသားတင် ရရှိတန်ဖိုး ဖြစ်ပြီး ကားခ၊ ခြင်း၊ အိတ်၊ စက္ကူ၊ အခြားသော ကုန်ကျစရိတ်နှင့် အ လုပ်သမားခတို့ မပါရှိကြောင်းနှင့် ဒေ သတွင်း တောင်သူများမှ စက်ရုံအ ရောက် ပို့ဆောင်ပေးရန်သာ လိုအပ် သည်ဟု သိရသည်။
.
စက်ရုံ အနေဖြင့် တောင်သူများ ပေးပို့လာသည့် သရက်သီးများကို ဆေးရည် စိမ်ခြင်း၊ အသီး အရွယ်အ စား ရွေးချယ်ခြင်း၊ အရွယ်အစား အ လိုက် ထုပ်ပိုးခြင်း လုပ်ငန်းအဆင့် ဆင့်ကို ဆောင်ရွက်ပြီး စင်္ကာပူနိုင်ငံ သို့ တင်ပို့ခြင်း ဖြစ်ကြောင်း သိရ သည်။
.
ရပ်စောက်မြို့နယ် အတွင်း စိန် တစ်လုံး၊ ရင်ကွဲ၊ မြကျောက်၊ ရွှေ ဟင်္သာ၊ မချစ်စု သရက် အမျိုးအစား စိုက်ဧက ၁ သောင်းကျော်ရှိပြီး စိန်တ လုံးကို ရှမ်းပြည်နယ် မြောက်ပိုင်းမူ ဆယ်မှ တစ်ဆင့် တရုတ်နိုင်ငံ၊ ကွမ် ကျိုး၊ ရွှေလီအထိ နှစ်စဉ် တင်ပို့ ရောင်းချလျက်ရှိကာ ဈေးကွက် လို အပ်ချက်အရ စင်္ကာပူ အပါအဝင်၊ ဟောင်ကောင်၊ ဗီယက်နမ်၊ ဘရူနိုင်း နှင့် ရုရှား နိုင်ငံအထိ တင်ပို့ရောင်း ချခဲ့ဖူးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats