“ဝ” အမျိုးသားပါတီ ပထမအကြိမ် ညီလာခံ ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, June 27, 2020

“ဝ” အမျိုးသားပါတီ ပထမအကြိမ် ညီလာခံ ကျင်းပ

ထက်တိုင်းကျော်
.
“ဝ”အမျိုးသားပါတီ ဗဟိုကော်မတီ၏ ပထမအကြိမ် ညီလာခံကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ဇွန်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
.
 
.
ယင်း ညီလာခံတွင် “ဝ” အမျိုးသားပါတီ၏ သဘောထားကြေညာချက် ၃ ရပ်နှင့် ၅ နှစ်သက်တမ်းရှိ “ဝ” အမျိုးသား ပါတီ ဗဟိုကော်မတီ၊ အလုပ်အမှုဆောင်အဖွဲ့တို့ကို ဆန္ဒမဲပေး၍ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရ သည်။
.
“ပါတီ ဗဟိုကော်မတီညီလာခံရဲ့ သဘောထားကြေညာချက် ၃ ခုထဲမှာ ပြည်ထောင်စုမြန်မာနိုင်ငံ အကျိုး စီးပွား ဖြစ်ထွန်းစေမယ့် လုပ်ငန်းတွေမှာ ဘယ်ပါတီ အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းလုပ်ဆောင်သွားမယ် ဆိုတာ နဲ့ “ဝ” တိုင်းရင်းသားတွေ တစ်ဆက်တစ်စပ်တည်း အခြေချနေထိုင်တဲ့ အရပ်ဒေသတွေကို ပေါင်းပြီး ပြည် ထောင်စုဝင် “ဝ” ပြည်နယ်အဖြစ် အသိအမှတ်ပြုပေးမယ်ဆိုရင် နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေကို ပိုပြီး ထိရောက်အောင်မြင်မယ်လို့ ယုံကြည်တယ်ဆိုတာကို ထုတ်ပြန်ထားပါ တယ်” ဟု “ဝ” အမျိုးသားပါတီ ရှမ်းပြည်နယ် အရှေ့ပိုင်း ဗဟိုဌာနချုပ်ခွဲ တာဝန်ခံ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ M ဇော်လတ် (ခ) ဆမ်းမားကို့(စ်) က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါ “ဝ” အမျိုးသားပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှ ဗဟိုကော်မတီဝင် ၂၉ ဦး၊ အလုပ်အမှုဆောင် ၁၇ ဦးတို့ကို အတည်ပြု ဖွဲ့စည်းခဲ့ပြီး ပါတီဥက္ကဋ္ဌအဖြစ် ဦးဆိုင်းပေါင်းနပ်၊ အထွေထွေ အတွင်းရေးမှူး ဦးဆမ်ဆောင်ကားနှင့် ပါတီပြောရေးဆိုခွင့်ရှိသူအဖြစ် ဒေါက်တာ M ဇော်လတ် (ခ) ဆမ်းမားကို့(စ်) တို့အား ရွေးချယ်အတည်ပြုခဲ့သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About