ရှမ်းပြည်နယ်အတွင်း၌ ဒီဂျစ်တယ် စက်များဖြင့် မိုးရေချိန် တိုင်းတာမှုများ ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်း၌ ဒီဂျစ်တယ် စက်များဖြင့် မိုးရေချိန် တိုင်းတာမှုများ ပြုလုပ်မည်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အတွင်းရှိ မိုးလေဝသစခန်းများ၌ မိုးရေချိန်တိုင်းတာမှုများအား စိုက်ပျိုးရေးဦးစီးဌာန၏ပံ့ပိုးမှု ဖြင့် Automatic Weather Observer System (AWOS) ဒီဂျစ် တယ် စက်များဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
 
.
အရင် တိုင်းတာတာက လူနဲ့ တိုင်းတာပါ။ အခုက ဒီဂျစ်တယ်စက် တွေနဲ့ တိုင်းမှာ ဖြစ်ပါတယ်။ ရာသီဥ တု၊ မိုးလေဝသ၊ အပူချိန် စတဲ့အချက် အလက်တွေကို တိကျစွာနဲ့ ပြည်သူ လူထုကို အသိပေး သွားနိုင်မှာဖြစ်ပါ တယ်”ဟု ရှမ်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုချိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မိုးရေချိန် တိုင်းတာရေး ဒီဂျစ်တယ်စက်များကို ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် ဧရာဝတီမြစ်ဝှမ်းဒေသ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း အောက်ရှိ Component-2 မိုးလေဝသ၊ ဇလဗေဒ တိုင်းတာရေး စီမံကိန်းအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယခင်က မိုးရေချိန် တိုင်းတာရာ တွင် အချင်း ၅ လက်မရှိ ရေခံခွက်ဖြင့် တိုင်းတာရခြင်း ဖြစ်ပြီး ယခုအခါ ခေတ်မီ ဒီဂျစ်တယ်စက်များဖြင့် တိုင်းတာသွားမည်ဖြစ်ကာ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနရှိ တိုင်းတာရေးစ ခန်းများအပြင် စိုက်ပျိုးရေးဦးစီးဌာန အောက်ရှိ နေရာများတွင်လည်း တပ် ဆင်သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ကတည်းက ဖောင်ဒေးရှင်းများ ချထားခဲ့ပြီး ဖြစ်ကြောင်း ဦးကိုချို က ဆက်လက် ပြောဆိုခဲ့သည်။
.
အဆိုပါ စက်များကို စိုက်ပျိုးရေး ဦးစီးဌာနပိုင် မြေများတွင် ၁၂ လုံးတပ် ဆင်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလော၊ အောင်ပန်း၊ ရွာ ငံ၊ ဘန်းယဉ် (ဆီဆိုင်)၊ ရပ်စောက်၊ ဖယ်ခုံ၊ ကွန်ဟိန်းနှင့် လင်းခေးမြို့များ တွင် လည်းကောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူနှင့် မဘိမ်းမြို့နယ် များတွင်လည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်နှင့် မိုင်းဖြတ် မြို့များတွင် လည်းကောင်း တပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ယခင်ရှိပြီး မိုးလေဝသ စခန်းများတွင် ဒီဂျစ်တယ်စက်များ အဆင့်မြှင့် တပ်ဆင်ရာ၌ ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ကျောက်မဲ၊ သီပေါ၊ ကွမ်းလုံ၊ မိုးမိတ်မြို့များနှင့် ရှမ်းပြည် နယ် အရှေ့ပိုင်း မိုင်းယန်း၊ မိုင်းဆတ် မြို့များတွင် တပ်ဆင်သွားမည် ဖြစ် ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် တစ်ခုလုံးအတွင်း တွင် မိုးဇလ စခန်းပေါင်း ၁၇ ခုရှိရာ ရှမ်းတောင်တွင် တောင်ကြီး၊ ပင် လောင်း၊ ဟဲဟိုး၊ လွိုင်လင်၊ နမ့်စန်၊ ညောင်ရွှေ၊ ရှမ်းအရှေ့တွင် ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယန်း၊ ရှမ်းမြောက် တွင် လားရှိုး၊ သီပေါ (ဒုဌဝတီမြစ်)၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ ကွမ်းလုံ(သံလွင်မြစ်)၊ ပန်ခမ်းရွာ (မူဆယ်)၊ နမ့်ပေါ်ချောင်း၊ မြစ်ဆုံ(မိုးမိတ်)၊ (ရွှေ လီမြစ်)တို့ဖြစ်ကြကြောင်း သိရသည်။
.

Journal Download

Photo of three cats