“ဝ” လူမျိုးများအား လူသားစားခဲ့သည် ဟူသော ရေးသားဖော်ပြချက်ကို “ဝ”အမျိုးသားပါတီမှ ကန့်ကွက် - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, June 21, 2020

“ဝ” လူမျိုးများအား လူသားစားခဲ့သည် ဟူသော ရေးသားဖော်ပြချက်ကို “ဝ”အမျိုးသားပါတီမှ ကန့်ကွက်

ထက်တိုင်းကျော်
.
ကျိုင်းတုံဟစ်တိုင် လူမှုကွန်ရက် စာမျက်နှာ (Facebook Group) တွင် ဇွန်လ ၁၄ ရက်က FoeLu အကောင့် ဖြင့် “ဝ” လူမျိုးများမှာ လူအချင်းချင်း သတ်ဖြတ် စားသောက်သည်ဟူသော ရေးသားဖော်ပြချက်နှင့် ပတ် သက်၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်း “ဝ” အမျိုးသားပါတီမှ ထုတ် ပြန်ကြေညာခဲ့သည်ဟု သိရ သည်။
.
 
.
ယင်း ထုတ်ပြန်စာတွင် ကျိုင်း တုံသမိုင်း ကောက်နုတ်ချက်များ ခေါင်းစဉ်ဖြင့် FoeLu အကောင့်မှ ရေးသား ထားသည့် ပရောက် (ခ) “ဝ” လူမျိုးများမှာ လူအချင်းချင်း သတ် ဖြတ် စားသောက်သော ယဉ်ကျေးမှု အဆင့်တွင် ရှိနေဦးမည်ဟူသော ရေး သားထားချက်သည် မြန်မာနိုင်ငံ “ဝ” သမိုင်းတွင် မည်သည့်အခါမှ ဖြစ်ပျက် ခဲ့ခြင်းမရှိဘဲ ထိုသို့ ရေးသားခြင်းအား “ဝ” အမျိုးသားပါတီက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ ကြောင်း ဖော်ပြ ပါ ရှိသည်။
.
အလားတူ ယင်း ရေးသားချက်သည် ရိုင်းပြ၍ “ဝ” လူမျိုးများ၏ ယဉ်ကျေးမှုအား စော်ကားသည့် အရေး အသားကြောင့် နဂို ရှိရင်းစွဲ ချစ် ကြည်ရင်းနှီးစွာ အတူတကွ ယှဉ်တွဲ နေထိုင်လာခဲ့သော တိုင်းရင်းသား လူမျိုး များအကြား စည်းလုံးညီညွတ်မှုကို ပြိုကွဲစေသော အရေးအသားများသာ ဖြစ်သည်ဟု ဖော်ပြ ထားသည်။
.
“ဒီရေးသားချက်က “ဝ” လူမျိုး တွေရဲ့ ယဉ်ကျေးမှုနဲ့ ဂုဏ်သိက္ခာကို ထိပါးစော်ကားတယ်လို့ မြင်ပါတယ်။ တောင်းဆိုထားတာကို ဆောင်ရွက်မပေးရင်တော့ တရားဥပဒေအတိုင်းဆက်လုပ်သွားပါမယ်” ဟု “ဝ”အမျိုး သားပါတီ ရှမ်းပြည်နယ်အရှေ့ပိုင်း ဗ ဟိုဌာနချုပ်ခွဲ တာဝန်ခံ ဒေါက်တာ M ဇော်လတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ရေးသားမှုနှင့် ပတ်သက်၍ FoeLu အကောင့်ပိုင်ရှင် အနေဖြင့် တရားဝင် ပြန်လည်တောင်းပန်ရန် နှင့် ၎င်း ရေးသားခဲ့သော Post အား ကျိုင်းတုံဟစ်တိုင် (Facebook Group)မှ ပယ်ဖျက်ပေးရန် တောင်းဆို ထားပြီး ယင်းတောင်းဆိုချက်ကို မလိုက်နာပါက “ဝ” အဖွဲ့အစည်း အ နေဖြင့် တည်ဆဲဥပဒေအရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဩဂုတ် လအတွင်းက ရှမ်းပြည်နယ်တောင် ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ မက်မွန်လောင်းကျေးရွာနေ ပလောင် တိုင်းရင်းသား မျိုးနွယ်စု တစ်စုအား လူသားစား ကြပ်မျိုးနွယ်စု များဟု လူမှုကွန်ရက်တွင် ရေးသားသူအား တရားစွဲဆိုမှု ရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)