“ဝ” အမျိုးသားပါတီမှ ရှမ်းရှေ့ရှိ မဲဆန္ဒနယ် အားလုံးတွင် ယှဉ်ပြိုင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“ဝ” အမျိုးသားပါတီမှ ရှမ်းရှေ့ရှိ မဲဆန္ဒနယ် အားလုံးတွင် ယှဉ်ပြိုင်မည်

ထက်တိုင်းကျော်
.
အသစ် ပြင်ဆင် ဖွဲ့စည်းထား သည့် “ဝ”အမျိုးသားပါတီက ၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ် အထွေထွေ ရွေး ကောက်ပွဲတွင် ရှမ်းပြည်နယ် အ ရှေ့ပိုင်းဒေသရှိ မဲဆန္ဒနယ် အားလုံး၌ ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံသွား မည်ဖြစ်သည်ဟု သိရသည်။
.
 
.
ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ဇွန်လ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် ပထမအကြိမ် “ဝ” အမျိုးသား ပါတီ  ဗဟိုကော် မတီ အစည်းအဝေး၌ ယင်းကဲ့သို့ ဆုံး ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကျွန်တော်တို့ “ဝ” အမျိုးသား ပါတီ အနေနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း မဲဆန္ဒနယ် အားလုံးနဲ့ ရှမ်းတောင်၊ ရှမ်း မြောက် နေရာတချို့မှာ ရွေးကောက်ပွဲဝင်ဖို့ သဘောတူဆုံးဖြတ် ချက် ချထားပါတယ်”ဟု “ဝ” အမျိုးသား ပါတီ ဗဟိုကော်မတီဝင် ရှမ်းပြည် နယ်အရှေ့ပိုင်း ရုံးခွဲတာဝန်ခံ ဒေါက်တာ M ဇော်လတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၂၀၁၅ ရွေးကောက်ပွဲ အတွေ့ အကြုံအရ “ဝ” တိုင်းရင်းသားတွေ များတဲ့ မက်မန်းလို နေရာမှာတော့ “ဝ” ကိုယ်စားလှယ် နိုင်ခဲ့ဖူးပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ “ဝ” တိုင်းရင်းသားများတဲ့ မိုင်းဆတ် လိုနယ်မှာ အကြိတ်အနယ် ဖြစ်နိုင်ပါ တယ်”ဟု တာချီလိတ်ဒေသခံ တစ်ဦး က ၎င်း၏အမြင်ကို ပြောဆိုခဲ့ သည်။
.
ဝ” အမျိုးသားပါတီသည် ရှမ်း ပြည်နယ် အရှေ့ပိုင်း ဒေသအတွင်းရှိ မြို့နယ်များတွင် ပါတီရုံးခွဲများကို ဖွင့်လှစ်သွားမည် ဖြစ်ပြီး ၂၀၂၀ ရွေး ကောက်ပွဲတွင် အခြားသော တိုင်းရင်း သား ပါတီများနှင့် မဟာမိတ် အဖြစ် လက်တွဲ ပူးပေါင်း ဆောင်ရွက်မည့် မူဝါဒကို ချမှတ်ထားကြောင်း သိရ သည်။
.

Journal Download

Photo of three cats