၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်သားနှင့် အတူနေမိသားစုများမှ အပ မဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော် ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်သားနှင့် အတူနေမိသားစုများမှ အပ မဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော် ရှိ


မင်းဇော်မင်း
.
၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲတွင် မြန် မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူ တပ်မတော် သားများနှင့် အတူနေ မိသားစုများမှ အပ ၃၇ သန်းခန့် ရှိနေသည်ဟု သိရ သည်။
.

.
ဒုတိယအကြိမ် အမျိုးသားလွှတ် တော် (၁၆) ကြိမ်မြောက်ပုံမှန် အစည်းအဝေး၊ ဆဋ္ဌမနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အ မှတ်(၈)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒ ရှင်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံး စေရန်နှင့် အဆင်ပြေ သက်သာစွာ ဆန္ဒမဲ ပေးနိုင်ရေးအတွက် ဆောင် ရွက်ထားရှိမှု အခြေအနေနှင့် ပတ် သက်၍ ကြယ်ပွင့်ပြမေးခွန်းမေးမြန်း မှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်အောင်က ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
.
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်မှု အနေဖြင့် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင် စာရင်းပြုစုသည့် နှစ်အဖြစ် သတ်မှတ်ခဲ့ပြီး လူဦးရေ အချက်အလက်များ ကောက်ခံခြင်း၊ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြုစု ခြင်းဆိုင်ရာ လုပ်ငန်း စီမံချက်အား ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာ နတို့နှင့် ပူးပေါင်းရေးဆွဲခြင်း၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ပထမ ပတ်တွင် တစ်နိုင်ငံလုံး အခြေခံ မဲဆန္ဒရှင်စာ ရင်းများကို ပြုစုခဲ့ကြောင်း ၎င်းက လွှတ်တော်တွင် ဖြေကြားခဲ့သည်။
.
ပြုစုပြီးတဲ့ အခြေခံ မဲစာရင်းများ ကို လစဉ် ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ နုတ်ပယ်ခြင်းများ ဆက်လက်ဆောင် ရွက်လျက် ရှိပါတယ်။ ၂၀၂၀ ပြည့် နှစ်၊ မတ်လ အထိ ပြုစုပြီး အခြေခံ မဲဆန္ဒရှင်စာရင်းမှာ ၃၇ သန်း ကျော် ဖြစ်ပါတယ်”ဟု ဦးမြင့်အောင်ကပြော သည်။
.
သို့သော် မတ်လအထိ ကောက် ယူထားသော မဲဆန္ဒရှင် စာရင်းများ တွင် တပ်မတော်သားများနှင့် အတူ နေ အိမ်ထောင်စုဝင်များကို ထည့် သွင်းရန် ကျန်ရှိနေသေးကြောင်း ၎င်း က ဆက်လက် ပြောဆိုခဲ့သည်။
.
၂၀၁၅ ခုနှစ်၊ ပြည်လုံးကျွတ် အ ထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်က ကျင်းပ ပြုလုပ်ခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအ တာဖြင့် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၃၄ ဒ သမ ၂၉ သန်းကျော် ရှိသည့်အနက် ၂၃ ဒသမ ၉၁ သန်းခန့်သာ မဲလာ ရောက်ပေးခဲ့ပြီး မဲပေးသူ ၆၉ ရာခိုင် နှုန်းခန့် ရှိခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats