တန့်ယန်းတွင် လျှပ်စစ်မီးကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တန့်ယန်းတွင် လျှပ်စစ်မီးကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန်းယန်းမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ လူနေအိမ်တစ်လုံးတွင် ယနေ့ ဇွန်လ ၁၇ ရက်၊ နေ့လယ်ပိုင်းက လျှပ်စစ်မီးကြိုး အပူလွန်ကဲရာမှ နေအိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
“မီးဖိုချောင် လောင်သွားတယ်။ မိန်းခလုတ် မချထားတော့ အပြင်ကဝင်တဲ့ မီးအားကို မခံနိုင်တဲ့ ကြိုးအားနည်းမှုက မီးလောင်ကျွမ်းစေတာလို့ တွေ့ရတယ်” ဟု တန့်ယန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမိုးအောင်က ပြောသည်။
.
တန့်ယန်းမြို့၊ အမှတ် (၃) ရပ်ကွက်၊ အုပ်စု (၁၈) ရှိ အိမ်ရှင် စိုင်းပန်းလူ၏ နေအိမ်တွင် ဇွန်လ ၁၇ ရက်၊ နေ့လယ် ၂ နာရီ ၄၀ မိနစ်အချိန်ခန့်က မီးလောင်နေကြောင်း အကြောင်းကြားချက်အရ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ် ယာဉ် ၃ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၅ ဦးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၂ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ပြီး ယင်းမီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိကြောင်း သိရသည်။
.
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အလျား ၂၀‌ ပေ၊ အနံ ၁၂ ပေရှိ သွပ်မိုး၊ ထရံကာ လူနေအိမ်၏ မီးဖိုခန်း လောင်ကျွမ်းခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၁၈၀၀၀၀ ကျပ်ခန့်ရှိကာ မီးပေါ့ဆစွာ သုံးစွဲသူ စိုင်းပန်းလူအား တန့်ယန်းမြို့မရဲစခန်းမှ (ပ) ၃၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.

Journal Download

Photo of three cats