နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ဘက်မှ ကုန်စည်ကန့်သတ်မှု၊ စစ်ဆေးမှုများ ဖြေလျှော့ပေးရန် ညှိနှိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ဘက်မှ ကုန်စည်ကန့်သတ်မှု၊ စစ်ဆေးမှုများ ဖြေလျှော့ပေးရန် ညှိနှိုင်း

မင်းဇော်မင်း
.
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဇွန်လ ၈ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai နှင့်တွေ့ဆုံကာ မြန်မာ-တရုတ်နှစ် နိုင်ငံအကြား ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ တရုတ် ဘက်မှ ကုန်စည် ကန့် သတ်မှု၊ စစ်ဆေးမှုများကို ဖြေလျှော့ ပေးရန် ညှိနှိုင်းဆွေးနွေးခဲ့သည်ဟု သိရသည်။
.
 
.
ထိုသို့ တွေ့ဆုံရာတွင် ပြည် ထောင်စုဝန်ကြီးက မူဆယ်နယ်စပ် ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံမှ ကုန်စည် ကန့်သတ် စစ်ဆေးမှုများကြောင့် ယာဉ်ကြောများ ပိတ်ဆို့၍ ကုန်စည် စီးဆင်းမှုတွင် နှောင့်နှေးကြန့်ကြာမှု များ ဖြစ်ပေါ်လျက်ရှိသဖြင့် အဆင် ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ရေထွက်ကုန်နှင့် သစ်သီးဝလံများ အတွက် အရည်အသွေးစစ်ဆေးခြင်းများကိုလည်း အမြန်ဆုံး ဆောင်ရွက် ပေးရန်၊ ရှမ်းပြည်နယ်မြောက်ပိုင်း တွင် ပြောင်းစေ့များ တရုတ်နိုင်ငံ၊ ယူ နန်ပြည်နယ်သို့ တင်ပို့ ရောင်းချခွင့် စဉ်းစားပေးရန်၊ ဝဥ၊ လျှော်ဖြူ၊ ထော ပတ်သီးစသည့် ပို့ကုန်အမယ်သစ်များအား တရုတ်နိုင်ငံဘက်သို့ တင်ပို့ရာတွင် စိစစ် ဆောင်ရွက်မှုများ ဖြေလျှော့ပေးရန်၊ နယ်စပ် ကုန်သွယ်မှုတွင် နှစ် ဘက်ကုန်သည်များ အကြားငွေပေး ချေမှု ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့ နေရသဖြင့် နှစ်ဘက်ညှိ နှိုင်း ဆောင်ရွက်ပေးရန်၊ မူဆယ်နယ် စပ် ကုန်သွယ်ရေး ကုန်စည်စီးဆင်းမှု လွယ်ကူ ချောမွေ့စေရေး အတွက် လမ်းပိုင်း ချဲ့ထွင်ရာတွင် ကူညီဆောင် ရွက်ပေးရန်၊ ပုံမှန် ကုန်သွယ်မှုအပြင် နယ်စပ်နေ ပြည်သူများအကြား နယ် စပ် ထွက်ကုန်များ၊ အပြန်အလှန် လဲလှယ်မှု များကို အဆင်ပြေစွာ ဆောင် ရွက်ပေးရန်၊ နှစ်နိုင်ငံ ကုန်စည် ပြပွဲ များ အပြန်အလှန် ကျင်းပရန်တို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
.
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအ မတ်ကြီး H.E. Mr. Chen Hai က ပြန် လည်ဆွေးနွေးရာတွင် ကုန်သွယ်မှု ဆိုင်ရာ ကိန်းဂဏန်းများအရ ၂၀၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း မြန်မာမှ တရုတ်သို့တင်ပို့မှု ပမာဏ ၁ ရာခိုင်နှုန်း တိုးတက် လာကြောင်း၊ ကုန်သွယ်မှု တိုးတက် မြန်ဆန်စေရန် အတွက် မူဆယ် (၁၀၅) မိုင်မှ ရွှေလီ အထိ ကုန်သွယ်ရေး လမ်းကြောင်းရှိ ကုန်စည်များ မပါရှိသည့် ယာဉ်များ ရပ်နားထားခြင်းကို ဦးစားပေး ရှင်း လင်း စေလိုကြောင်း၊ ရွှေလီ-မူဆယ် ဂိတ်တွင်  ည ၁၀ နာရီအထိ ဖွင့်လှစ် ပေးစေလိုကြောင်း၊ မန်းမန်-နွမ်းရင် နယ်စပ်ဂိတ်တွင် အဆောက်အဦ လို အပ်လျက် ရှိကြောင်း၊ တရုတ်ယာဉ် မောင်းများအား ကျန်းမာရေးထောက် ခံချက် ပြသနိုင်ပါက မြန်မာဘက်သို့ ဝင်ခွင့် ပေးစေလိုကြောင်း၊ ကုန်သွယ်မှု မြှင့်တင် နိုင်ရေးအတွက် မူဆယ်-မန္တလေး ရထားလမ်းကိုလည်း အမြန် ဆုံး တည်ဆောက် နိုင်ရေးဆောင်ရွက် ပေးစေ လိုကြောင်း ဆွေးနွေးခဲ့သည် ဟု သိရသည်။
.
အထက်မှာ ဆွေးနွေးမှုက အောက်ခြေအထိ ရောက်ဖို့ လိုပါမယ်။ အခုက နာနတ်သီး ပေါ်ချိန်ဆိုတော့ မနှစ်ကလို ကျင်စန်းကျော့ဂိတ် ပိတ်လို့ မြန်မာတောင်သူတွေ နစ်နာဆုံးရှုံး မှုမျိုး မဖြစ်ရအောင် လုပ်ဆောင် ပေးနိုင်ဖို့ လိုပါမယ်”ဟု မြန်မာနိုင်ငံ သစ် သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူ များအသင်းမှ အတွင်းရေးမှူး ဦး ကျော်သူက ပြောသည်။
.
မြန်မာနိုင်ငံထွက် စိုက်ပျိုးရေး ထွက်ကုန်များကို တရုတ်နိုင်ငံသို့ အဓိ က ပို့ဆောင်နေရခြင်း ဖြစ်ပြီး လက် ဖက်၊ ဂျင်း၊ ထောပတ်သီး၊ သရက်သီး စသည်များကိုလည်း ထိုင်းနှင့် အိန္ဒိ ယနယ်စပ်များအပြင် ပင်လယ် ရေ ကြောင်းမှ တင်ပို့နေရကြောင်း ယခု နှစ်တွင် ပင်လယ်ရေကြောင်းမှ သ ရက်သီး တန် ၁၀၀ ခန့် တင်ပို့နေရ ပြီး ပြည်တွင်း၌  သစ်သီးဝလံ စျေး ကွက်ကြီးတစ်ခု စုပေါင်း ဖော်ဆောင် နိုင်ပါက နိုင်ငံခြား စျေးကွက်ကို ယခု ထက် ပိုမို ထိုးဖောက်နိုင်စွမ်း ရှိမည် ဖြစ်သည်ဟု ၎င်းကဆက်လက် ပြော ဆိုခဲ့သည်။
.
ယခု COVID-19 ကာလတွင် တရုတ်နိုင်ငံမှ ကန့်သတ်မှုကြောင့် မူဆယ်ဒေသခံများ၏ နှစ်စဉ် ရောင်း ချနေကြ ထိုင်ဝမ်ပြောင်းချိုများ ရွှေ လီမြစ်အတွင်းသို့ သွန်ပစ်ရသည်အထိ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီး ဖရဲသ ခွား တောင်သူများ အနေဖြင့်လည်း လမ်းခရီး ကြန့်ကြာမှုများ၊ ပျက်စီးမှု များကြောင့် ဆုံးရှုံးမှု များပြားခဲ့ရ ကြောင်း သိရသည်။
.

Journal Download

Photo of three cats