မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်ဂိတ်တွင် နယ်စပ်ကုန်သွယ်မှု ပုံမှန်အတိုင်း ပြန်လည်စတင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, June 2, 2020

မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်ဂိတ်တွင် နယ်စပ်ကုန်သွယ်မှု ပုံမှန်အတိုင်း ပြန်လည်စတင်


မင်းဇော်မင်း
.
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော် နယ်စပ် ဂိတ်တွင် နယ်စပ်ကုန်သွယ်မှုများ ပုံမှန်အတိုင်း ပြန်လည်စတင်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
 
.
ချင်းရွှေဟော်-မန်တိန်း (ချင်း‌ရွှေဟော်) နယ်စပ်ကုန်သွယ်မှု ပုံမှန် ပြန်လည်ဆောင်ရွက် နိုင်ရေးနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဦးစိုးညွန့်လွင်သည် ယူနန်ပြည်နယ်၊ စီးပွားရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Kou Jie နှင့် ​မေလ၂၁ရက်က ချင်းရွှေဟော် နယ်စပ်ဂိတ်၌ လည်းကောင်း၊ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်သည် ယူနန် ပြည်နယ်၊ စီးပွားရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Zhou Xuewen နှင့် မေလ၂၉ ရက်က ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံး၌လည်းကောင်း အသီးသီး တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ပါသည်ဟုဆိုသည်။
.
ယင်းဆွေးနွေးမှုများ၏ ရလဒ်အနေဖြင့် ယခုအခါ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချမ်းမြို့အစိုးရက မြန်မာနိုင်ငံ၏ ပို့ကုန်များကို မေလ ၃၀ ရက်၊ နံနက်ပိုင်းမှ စတင်၍ ယာဉ်မောင်းအစားထိုးစနစ်ဖြင့် ပြန်လည် လက်ခံခွင့်ပြုထားပြီးဖြစ်ကြောင်းနှင့် ချင်းရွှေဟော်-မန်တိန်း (ချင်း‌ရွှေဟော်) နယ်စပ်ကုန်သွယ်မှု ပုံမှန်ပြန်လည်စတင်နေပြီ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About