မူဆယ် (၁၀၅) မိုင်မှ ကြယ်ဂေါင် သွားရောက်မည့် ကုန်တင်ကားများကို တိုကင်ဖြင့် သွားရောက်သည့်စနစ် ကျင့်သုံး - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, June 21, 2020

မူဆယ် (၁၀၅) မိုင်မှ ကြယ်ဂေါင် သွားရောက်မည့် ကုန်တင်ကားများကို တိုကင်ဖြင့် သွားရောက်သည့်စနစ် ကျင့်သုံး

မင်းဇော်မင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူ ဆယ်မြို့နယ်၊ (၁၀၅)မိုင် နယ်စပ်ကုန် သွယ်ရေးစခန်းမှ တရုတ်နိုင်ငံ၊ ကြယ် ဂေါင် မြို့သို့  သွားရောက်မည့်ကုန်တင် ယာဉ်များအား ဇွန်လ ၁၇ ရက်၊ နံနက် ပိုင်းမှ စတင်ကာ တိုကင် (Token) ဖြင့် သွားရောက်သည့်စနစ်ကို စတင် ကျင့်သုံးနေလျက် ရှိကြောင်း မူဆယ် ခရိုင် အမှတ် (၁၂၅)  ယာဉ်ထိန်းရဲတပ် ဖွဲ့စုမှူးရုံးမှ သိရသည်။
.
 .
“အဓိက ရည်ရွယ်ချက်ကတော့ (၁၀၅) မိုင် ဘက်ကနေ မူဆယ်မှာ ကုန်ချမယ့်ကားနဲ့ ကြယ်ဂေါင်အထိ ဝင် မယ့် ကားတွေ လမ်းကြောင်း ခွဲ ထုတ်လိုက်ပြီး ကျော်ခွတဲ့ ကားတွေ ကိုလည်း အရေးယူ ရှင်းလင်းစေဖို့ ရည် ရွယ်ပါတယ်။ ကားတွေ (၁၀၅) မိုင်နဲ့ ကြယ်ဂေါင်ကြားမှာ ကြပ်နေ တာတွေလည်း လျော့သွားမယ်။ ကုန် စီးဆင်းမှု မြန်ဆန်လာစေမယ့် ရည် ရွယ်ချက်ပါ။ ကားသမားတွေလည်း ပိုမိုမြန်ဆန်စေမယ့် စေတနာနဲ့ လုပ် ဆောင်ပေးခြင်း ဖြစ်ပါတယ်”ဟု အ မှတ်(၁၂၅)  ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ရုံးမှူး ဒုရဲမှူး ချစ်စိန်က ပြောသည်။
.
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး စခန်းနှင့် ကြယ်ဂေါင်လမ်း တစ် လျှောက်တွင် ကားကြီး ရပ်နားကွင်း မရှိသဖြင့် ကုန်တင်ကားများမှာ မန္တ လေးမှ မူဆယ်သို့ တစ်ရက်နှင့်ရောက် နိုင်သော်လည်း မူဆယ်မှ ကြယ် ဂေါင် သို့ ကုန်ချအပြန်တွင်မူ ၇ ရက်ခန့် ကြန့်ကြာနေရပြီး ယခုကဲ့သို့ တိုကင် စနစ်ဖြင့် လမ်းကြောင်း ခွဲခြား ကာ သွားရောက်စေခြင်းဖြင့် ယာဉ်ကြော ကြပ်တည်းမှုကို လျှော့ချစေနိုင်သည့် အပြင် ကျော်ဖြတ်တက်သည့် ယာဉ်များကို ထိန်းသိမ်း အရေးယူရန်အ တွက် ယခုကဲ့သို့ ကျင့်သုံးနိုင်ရန် အ ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြ ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
ယခင်က ယာယီထားသို စနစ် အရ မော်တောင်းရှိ မြို့အဝင် မီးပွိုင့် ၆ လမ်းတွင် ယာဉ်များ ရပ်ဆိုင်းပြီးမှ သွားလာစေခြင်း၊ မူဆယ် (၁၀၅) မိုင် မှ ကြယ်ဂေါင်အထိ ၁၀ မိုင်အကွာ အ ဝေးရှိ လမ်းပေါ်တွင် ယာဉ် ကြောပိတ် ဆို့ခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ယခုစ နစ်ကို COVID-19 ကပ်ရောဂါ မဖြစ် ပွားမီ ကာလ ကတည်းက စမ်းသပ် ကျင့်သုံးခဲ့ပြီး ယခုအခါ ခွင့်ပြုချက် ရရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
“ကျော်ခွသွားချင်တဲ့ ကားတွေ လည်း မသွားရတော့ဘူး။ မူဆယ်မှာ ကုန်ချမယ့်ကားနဲ့ တရုတ် သွားမယ့် ကား ခွဲလိုက်တော့ ပိုမြန်လာတယ်။ တရုတ်ဘက်ကလည်း ဒီဘက်လိုပဲ တိုကင်စနစ် စ ကျင့်သုံးတယ်။ ဟို ဘက်၊ ဒီဘက် ပိုမြန်လာတော့အိမ်မြန် မြန် ပြန်ရောက်သလို ခေါက်ရေလည်း မြန်တော့ စိတ်ချမ်းသာ အဆင်ပြေ တာပေါ့”ဟု မန္တလေး-မူဆယ် ပြေးဆွဲ နေသည့် ကုန်တင်ယာဉ်မောင်း ဦး သိန်းဇော်က ၎င်း၏အမြင်ကို ပြောဆို ခဲ့သည်။
.
ယင်းကဲ့သို့ တိုကင်စနစ် မကျင့် သုံးမီက ကြယ်ဂေါင်မြို့တွင်လည်း ကုန်တင်ယာဉ်ကြီးများ ယာဉ်ကြော ကြပ်တည်းမှု ဖြစ်ပွားခဲ့ရာ ယခုအခါ တစ်စီးဝင် တစ်စီးထွက် စနစ်ဖြင့် ကျင့်သုံးနိုင်မှုကြောင့် ယခင်က ကား အစီးရေ ၁၄၀ မှ ၁၅၀ အထိသာ ဝင် ထွက်နိုင်ခဲ့ရာမှ ဇွန်လ ၁၇ ရက်၊ နံ နက် ပိုင်းတွင် ကားစီးရေ ၁၄၀ ကျော် ဝင်ထွက်နိုင်ခဲ့သဖြင့် တစ်ရက်လျှင် စီးရေ ၃၀၀ ကျော် ဝင်ထွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)