ဟဲဟိုးတွင် အမျိုးသမီးတစ်ဦး မိုးကြိုးထိမှန်သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, June 4, 2020

ဟဲဟိုးတွင် အမျိုးသမီးတစ်ဦး မိုးကြိုးထိမှန်သေဆုံး


ခွန်သန်းအောင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် ယနေ့ ဇွန်လ ၄ ရက်၊ နေ့လယ်ပိုင်းက တောင်သူ အမျိုးသမီး တစ်ဦး မိုးကြိုးထိမှန် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဘော်နင်းကျေးရွာအုပ်စု၊ မြက်ဆက်တောင်ကျေးရွာနေ ဒေါ်မယ်တုံး (၃၅ နှစ်) သည် ယနေ့ ဇွန်လ ၄ ရက်၊ နေ့လယ် ၁ နာရီ၊ ၄၅ မိနစ်ခန့်က ခင်ပွန်းဖြစ်သူ ဦးထွန်းပေါ်၊ ညီမ မချိုတို့နှင့်အတူ မြေပဲခင်းအတွင်း ပေါင်းရှင်းလင်းရေး ဆောင်ရွက်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လယ်စောင့်တဲအတွင်း မိုးခိုခဲ့ပြီး ၁၅ မိနစ်ခန့် အကြာတွင် မိုးစဲသွားသဖြင့် ဒေါ်မယ်တုံးမှ တဲအပြင်ဘက်သို့ ထွက်ကြည့်ရာ မိုးကြိုးထိမှန်ပြီး လဲကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ၎င်းအား ဟဲဟိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသ စစ်ဆေးရာ ဝဲဘက်ခြေဖမိုး ညိုမည်းစွဲဒဏ်ရာ ရရှိပြီး သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် ဟဲဟိုးနယ်မြေ ရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About