ညောင်ရွှေတွင် မိုးကြိုးထိမှန်၍ ဟိုတယ် အဆောက်အဦအတွင်းမှ ပစ္စည်းအချို့ မီးလောင်ကျွမ်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, June 3, 2020

ညောင်ရွှေတွင် မိုးကြိုးထိမှန်၍ ဟိုတယ် အဆောက်အဦအတွင်းမှ ပစ္စည်းအချို့ မီးလောင်ကျွမ်း


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ခေါင်တိုင်ကျေးရွာရှိ ဟူပင်ခေါင်တိုင်ဟိုတယ်တွင် ယနေ့ ဇွန်လ ၃ ရက်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်က မိုးကြိုးထိမှန်မှုကြောင့် ဟိုတယ်အဆောက်အဦတစ်လုံးရှိ အသံလုံ ဝါဂွမ်းနှင့် ပစ္စည်းအချို့ မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ မိုးကြိုးထိမှန်မှုကြောင့် ဟိုတယ်ရှိ Dalieas အမျိုးအစား သစ်သားလုံးချင်းအဆောင်မှ ပေ ၃၀ x ပေ ၂၀ အရွယ် အသံလုံဝါဂွမ်းအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဟိုတယ်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယဉ် ၅ စီး၊ စုစုပေါင်းအား ၆၀ ဦးခန့်ဖြင့်  ဝိုင်းဝန်းငြှိမ်းသက်ခဲ့ရာ  ၃ နာရီ ၅၀ မိနစ်တွင် မီးအား ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
.
မိုးကြိုးထိမှန် မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၂၂၀၀၀၀ ရှိကာ လူထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ မိုးကြိုးထိမှန်မှုကြောင့် ဟိုတယ်ရှိ Dalieas အမျိုးအစား သစ်သားလုံးချင်းအဆောင်မှ ပေ ၃၀ x ပေ ၂၀ အရွယ် အသံလုံမွေ့ယာအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဟိုတယ်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ် ၅ စီး၊ စုစုပေါင်းအား ၆၀ ဦးခန့်ဖြင့်  ဝိုင်းဝန်းငြှိမ်းသက်ခဲ့ရာ  ၃ နာရီ ၅၀ မိနစ်တွင် မီးအား ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
.
မိုးကြိုးထိမှန် မီးလောင်မှုကြောင့် အသံလုံမွေ့ယာ၊ မျက်နှာကျက်ကျောက်ပြားနှင့် ခေါင်မိုးဆင့်များ မီးလောင်ပျက်စီး ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၂၂၀၀၀၀ ရှိကာ လူထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About