ရပ်စောက်မြို့နယ်တွင် မိုးကြိုးပစ်ခံရမှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, June 7, 2020

ရပ်စောက်မြို့နယ်တွင် မိုးကြိုးပစ်ခံရမှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရ


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ဇွန်လ ၆ ရက်၊ နေ့လယ်ပိုင်းက မိုးကြိုးပစ်ခံရမှု ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
ဖောင်းတောကျေးရွာရှိ ဒေါ်နန်းမွန်၏ တောင်ယာ၌ ပြောင်းခင်းနှုတ်ရန် သွားရောက်အလုပ်လုပ်ကိုင်သည့် ကျေးရွာသူ/ သားများသည် ဇွန်လ ၆ ရက်၊ နေ့လယ်ပိုင်းက တောင်ယာတဲအတွင်း ဝိုင်းဖွဲ့ ထမင်းစားသောက်နေစဉ် မိုးကြိုးပစ်ချ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ မိုးကြိုးပစ်မှုကြောင့် မခင်လေး (၂၉ နှစ်) တွင် ညိုမည်းဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ပြီး ဒေါ်သန်းရင် (၄၆ နှစ်) တွင် ခန္ဓာကိုယ်အောက်ပိုင်းကျဉ် (မစိုးရိမ်ရ)၊ မချောပို (၁၉ နှစ်) တွင် ခန္ဓာကိုယ် ဝဲဘက်ကျဉ် (မစိုးရိမ်ရ)၊ မသူဇာဖြိုး (၁၆ နှစ်) တွင် ခြေလက်ကိုက်ခဲ (မစိုးရိမ်ရ)၊ ဒေါ်နန်းမွန်း (၅၀ နှစ်) တွင် ခန္ဓာကိုယ်အောက်ပိုင်းထုံကျဉ် မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဒဏ်ရာရရှိသူ ၄ ဦးအား ရပ်စောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats