တောင်ကြီးနှင့် အေးသာယာတွင် ငွေကျပ် ၈၄ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Breaking

Friday, June 19, 2020

တောင်ကြီးနှင့် အေးသာယာတွင် ငွေကျပ် ၈၄ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နှင့် အေးသာယာမြို့တို့တွင် ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်က ငွေကျပ် ၈၄ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
.
 
.
တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၇ ရက်၊ ည ၁၁ နာရီခန့်က သတင်းအရ သက်သေများနှင့်အတူ အေးသာယာမြို့၊ ရပ်ကွက်(၁၀)နေ ဇေယျာထွန်း (၄၆ နှစ်) နှင့် စိုးစန္ဒာ သွင် (၄၉ နှစ်) တို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ဧည့်ခန်းအတွင်းနှင့် အိပ်ခန်းအတွင်းတို့မှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၁၆၂ ပြား၊ တန်ဖိုးငွေကျပ် ၇၁၆၂၀၀၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြား များအား ဝယ်ယူပေးသူ အေးသာယာမြို့၊ ရပ်ကွက် (၁၂) နေ အောင်ဖြိုးချစ်(ခ)သားဖြိုး (၂၄ နှစ်) ကို ဇွန်လ ၁၈ ရက်က ရပ်ကွက် (၁၀) လမ်းပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၃ ပြား တန်ဖိုးငွေကျပ် ၁၁၃၀၀၀ နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ တောင်ကြီးမြို့နယ်၊ ပန်သခွားကျေးရွာနေ ထွန်းလင်းကျော် (၂၉ နှစ်) ၏နေအိမ်အား ဆက်လက်ရှာဖွေရာ ၎င်း ၏နေအိမ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၁၁၆၅ ပြား တန်ဖိုးငွေကျပ် ၁၁၆၅၀၀၀ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက် များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)