တောင်ကြီးမြို့၊ တောင်ချွန်းတက်လမ်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုး - Kanbawza Tai News

Breaking

Boxed(True/False)

Friday, June 19, 2020

တောင်ကြီးမြို့၊ တောင်ချွန်းတက်လမ်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုး

မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ တောင်ချွန်းတက်လမ်း၊ ရွှေမုဋ္ဌောစေတီ မုခ်ဦးအနီးတွင် ယနေ့ ဇွန်လ ၁၉ ရက်၊ နံနက်ပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၅ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက်မှ ဦးဆောင်၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့သည် ဟု သိရသည်။
.
 
.
“သစ်တောသစ်ပင်တွေ ပြုန်းတီးလာတာနဲ့အမျှ ရာသီဥတု ဖောက်ပြန်လာတယ်။ ရာသီဥတု ဖောက်ပြန်တာ ကိုကာကွယ်ထိန်းသိမ်းချင်တာရယ်၊ တောင်ကြီးမြို့ရဲ့မြေအောက်ရေကို ထိန်းသိမ်းချင်တာရယ်၊ ရေဝေရေလဲ ဒေသတွေ ပြန်လည်ရှင်သန်လာစေချင်တာကြောင့် စုပေါင်းသစ်ပင် စိုက်ပျိုးတာပါ။ တောင်ချွန်းတက်လမ်း ဖောက်တော့ သစ်ပင်တွေ တော်တော်များများ ဆုံးရှုံးသွားရတယ်။ အဲဒီအတွက် ဒီနေရာမှာ သစ်ပင်တွေ ပြန် စိုက်လို့ရတယ်ဆိုတာ သိစေချင်တယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပြုလုပ်တာပါ” ဟု ရှင်သန်ကမ္ဘာမြေ အစိမ်းရောင် ကွန်ရက်မှ ဒေါ်ချယ်ရီကျော်က ကမ္ဘောဇတိုင်းသို့ ပြေသည်။
.
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပွဲတွင် ချယ်ရီ၊ ဝက်သစ်ချ ငုရွှေဝါ ငုစပ်ချယ်ရီ ရေမျော ရေသင်းဝံ စိန်ပန်းနီ နှင့် စိန်ပန်းပြာပင် စုစုပေါင်း ပျိုးပင် ၅၀၀ စိုက်ပျိုးခဲ့သည်ဟု သိရသည်။
.
ယင်း စုပေါင်းသစ်ပင်စိုက်ပွဲတွင် တောင်ကြီးမြို့ဒေသခံများ တောင်တက်လမ်းလျောက်အဖွဲ့များ တောင် တက် စက်ဘီးစီးအဖွဲ့များ ပရဟိတအသင်းဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ဌာနဆိုင်ရာ များ စုပေါင်း ပါဝင်စိုက်ပျိုးခဲ့သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)