မင်းမင်း
.
တောင်ကြီးမြို့မဈေး အပါအဝင် ရှမ်းပြည်နယ် အတွင်းရှိ
စည်ပင်သာ ယာ ဈေးများအား ဇွန်လ ၁ ရက်မှ စတင်၍ ပြန်လည်ဖွင့်လှစ် ရောင်းချ ခွင့်
ပြုထားသော်လည်း ပျံကျဈေး သည်များအား ပုံမှန်အတိုင်း ရောင်း ချခွင့် မပြုဘဲ
ယာယီပျံကျဈေးများ တွင်သာ ဆက်လက် ရောင်းချရန် ခွင့်ပြုထားရာ ဈေးသည်များ အနေ ဖြင့်
မိုးရာသီကာလ၌ အခက်အခဲဖြစ် ပေါ်မည်ကို စိုးရိမ်နေကြကြောင်း သိ ရသည်။
.
.
“ဈေးတွေ
အကုန် ပြန်ဖွင့်ပေး ပေမယ့် ပျံကျတွေက မပါသေးဘူး။ သူတို့ သတ်မှတ်ပေးထားတဲ့ ယာ ယီ
ဈေးမှာပဲ ရောင်းဖို့က ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။ မိုးလေး တစ်ဖျောက်လောက်
ကျရင်ကို ခင်း ထားတဲ့ဟာတွေ အကုန် ပြန်သိမ်း ရတယ်။ တချို့ကျတော့ ဒီအတိုင်း မိုးရေထဲ
ထားခဲ့ရတယ်။ ပျံကျဈေး သည်တွေအတွက် စည်ပင်က တစ်ခု ခု လုပ်ပေးစေချင်ပါတယ်” ဟု ယာ
ယီပျံကျဈေးသည် တစ်ဦးက ပြော သည်။
အဆိုပါ ပျံကျဈေးသည်များ အ နေဖြင့် မဟာသင်္ကြန်ကာလအပြီး
ဧပြီလ ကတည်းက ရှမ်းပြည်နယ် အ စိုးရအဖွဲ့ မှ သတ်မှတ် ပေးထားသည့် ရပ်ကွက်အလိုက်
ယာယီဈေးများနှင့် အဝေရာ မီးပုံးပျံကွင်းတို့တွင် ရောင်း ချနေရခြင်းဖြစ်ပြီး
ဈေးဝယ်သူ နည်း ပါးသဖြင့် စားဝတ်နေရေး အခက်အ ခဲများနှင့်လည်း ရင်ဆိုင်နေရကြောင်း
သိရသည်။
.
ထိုကဲ့သို့ ယာယီ ပျံကျဈေးများ တွင် ရောင်းချနေရသည့်အတွက်
မိုး ရာသီ ကာလတွင် ရောင်းချရန် အ ခက်အခဲ ဖြစ်ပေါ်နေပြီး စီးပွားရေး ထိခိုက်
ဆုံးရှုံး နစ်နာမှုများ ဖြစ်ပေါ် လာမည်ကို စိုးရိမ်နေကြောင်း သိ ရသည်။
.
တောင်ကြီးမြို့ပေါ်တွင် ပျံကျ ဈေးသည်များအား ယာယီဈေး ရောင်း
ရန် နေရာများ သတ်မှတ်ထား ပြီး သီးသန့်နေရာ
စီစဉ်ပေးရန် မရှိ ကြောင်း တောင်ကြီးမြို့နယ် စည်ပင် သာယာရေးဌာန အမှုဆောင် အရာရှိ
ဦးနေလင်းက ပြောဆိုထားသည်။
.
No comments:
Post a Comment