တောင်ကြီးတွင် ရှမ်းပြည်နယ်ရှေ့နေများ အသင်းရုံး အဆောက်အဦ ဆောက်လုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, June 24, 2020

တောင်ကြီးတွင် ရှမ်းပြည်နယ်ရှေ့နေများ အသင်းရုံး အဆောက်အဦ ဆောက်လုပ်မည်

စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့၊ ဟိုပုံးအထွက် ၂ မိုင်အနီးတွင် ရှမ်းပြည်နယ် ရှေ့နေများ အသင်းရုံး အဆောက်အဦ ဆောက်လုပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
 .
ဥပဒေရုံးလည်း ဆောက်ပြီးပြီ။ တရားရုံးရဲ့ မျက်နှာချင်းဆိုင် မြေကွက်တစ်ခုရထားတာ အစိုးရအဖွဲ့ကလည်း တရားဝင် ချထားပေးပါတယ်။ အဆောက်အဦ ဆောက်ဖို့ လျာထား ပြီးသားပါ။ ရေတွင်းလည်း တူးထား ပြီးပြီ။ ရထားတဲ့ မြေကွက်နဲ့ ပတ်သက်လို့ နည်းနည်း ထပ်တိုးပြီးပေးဖို့ တောင်းထားတယ်။ ဆောက်မယ့် အဆောက် အဦက ရှမ်းပြည်နယ်တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ရှေ့နေအသင်းအဆောက်အဦဖြစ်တဲ့အတွက် နည်းနည်း ကြီးကြီးလေး ဆောက်ချင်တဲ့ ဆန္ဒရှိလို့ပါ”ဟု ရှမ်းပြည်နယ် ရှေ့နေများအသင်းဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ထွေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ရှမ်းပြည်နယ်ရှေ့နေများ အသင်း အဆောက်အဦကို အလျား ၅၄ ပေ၊ အနံ ၃၆ ပေ၊ ၃ ထပ် ဆောက် လုပ်ရန် လျာထားပြီး ငွေကျပ် သိန်း ပေါင်း ၂၀၀၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ၎င်းထံက သိရ သည်။
.
ရှမ်းပြည်နယ် ရှေ့နေများအသင်း အဆောက်အဦ ဆောက်လုပ်ရန် အတွက် အလှူရှင်မရှိသေးဘဲ ရှေ့နေများ ထံမှ သတ်မှတ် အလှူငွေကောက် ခံနေခြင်းဖြစ်ပြီး သတ်မှတ် ငွေကြေး ထက် ပိုမိုထည့်ဝင်သော ရှေ့နေများ လည်း ရှိနေကြောင်း သိရသည်။
.
"ဆောက်တာက ကောင်းတယ်။ အခုဆောက်မယ့် မြို့နယ်/ခရိုင် တ ရားရုံးတွေက တောင်ကြီး အချုပ်ထောင် နားမှာ ရွှေ့မှာဆိုတော့ ရှေ့နေ အသင်းအနေနဲ့ နေရာရှိဖို့ လိုပြီ။ ပြည် နယ်အတွင်းမှာ မြို့နယ်တွေကလာ တဲ့ ရှေ့နေတွေကလည်း နားဖို့ လိုပါ တယ် ”ဟု တရားလွတ်တော် ရှေ့နေ ဦးအောင်ဌေးက ပြောသည်။
.
ရှမ်းပြည်နယ် ရှေ့နေများ အသင်း သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်တွင် ရှမ်းပြည်နယ် မှတ်ပုံတင် ရေးအဖွဲ့၏ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်  မှတ်ပုံတင် လက်မှတ်ကို ရရှိခဲ့ပြီး အ သင်းဝင် ရှေ့နေ စုစုပေါင်း ၅၀၀ ကျော် ခန့်ဖြင့်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats