စစစ နှင့် ဒေသခံများအကြား ဖြစ်ပွားနေသည့် မြေယာအငြင်းပွားမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်လွှတ်တော်တွင် မေးခွန်း မေးမြန်းသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစစ နှင့် ဒေသခံများအကြား ဖြစ်ပွားနေသည့် မြေယာအငြင်းပွားမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်လွှတ်တော်တွင် မေးခွန်း မေးမြန်းသွားမည်

မင်းမင်း
.
ရှမ်းပြည်နယ် အထူး စုံစမ်းစစ် ဆေးရေးဦးစီးဌာန (စစစ)နှင့် တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စု၊ ရေဖြူ (ထီဗွာ)ကျေးရွာ ဒေသခံများ အကြား ဖြစ်ပွားနေသည့် မြေယာ ပိုင်ဆိုင်မှု အငြင်းပွားမှုနှင့်ပတ်သက် ၍ လာမည့် ဇွန်လ ၂၂ ရက်တွင် စတင် ကျင်းပမည့် ဒုတိယအကြိမ် ရှမ်းပြည် နယ်လွှတ်တော် (၁၉) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့် မ ပြမေးခွန်း မေးမြန်းသွားရန်ရှိကြောင်း တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ဦးခွန်သူရအောင်ထံက သိရသည်။
.
 
.
လယ်ယာမြေနဲ့ အခြား မြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ် ရေးကော်မတီ အဆင့်ဆင့်ကနေ စစစ အနေနဲ့ ပိုင်ဆိုင်မှု အထောက်အထား ဘာရှိလဲလို့စစ်ဆေးလိုက်တော့ ၂၀၀၂ မှာ မြေလွတ်မြေရိုင်း လျှောက် ထားတဲ့ပုံစံ (၁၀၅) ပြတယ်။ မြို့နယ်မြေစာ ရင်းဌာနမှ မြေလွတ်မြေရိုင်း လျှောက် ထားတဲ့ အမှုတွဲဖိုင်ရှိလား စုံစမ်းတော့ လျှောက်ထားခြင်း မရှိတာ စစ်ဆေး တွေ့ရှိရတယ်။ ၂၀၁၀ အစိုးရအ ပြောင်းအလဲ ကာလမှာ အထက်ဌာနသို့ တင်ပြရန် ဆိုတဲ့ ပုံစံ (၁၀၅)တစ်ခု ထုတ်ပြတယ်။ အဲဒါကလည်း ပိုင်ဆိုင်မှု အထောက် အထား မဟုတ်ဘူးဆိုတာ သိရပါတယ်။ ဒါတွေကို အခြေခံပြီး ကြယ်ပွင့်မပြ မေးခွန်းမေးမြန်းသွားမှာပါ”ဟု ရှမ်းပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဦးခွန်သူရ အောင်က ပြောသည်။
.
အဆိုပါ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေသည် ဧရိယာ ၁ဝ ဒသမ ၁၇ ဧက ကျယ်ဝန်းပြီး ယင်း မြေနေရာ ပေါ်တွင် လက်ရှိလူနေအိမ် ၆ လုံးနှင့် စိုက် ပျိုးရေး မွေးမြူရေးလုပ်ငန်းများတည် ရှိနေပြီး မြေယာ အငြင်းပွားမှုနှင့် စပ် လျဉ်း၍ ဒေသခံ မြေပိုင်ရှင် အချို့မှ လက်ရှိ အစိုးရအပြင် ယခင်အစိုးရ လက်ထက်များ ကတည်းက သက် ဆိုင်ရာဌာနများသို့ တိုင်ကြားစာ ပေး ပို့ထားကြောင်း သိရသည်။
.
ယင်း အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ် အထူး စုံစမ်းစစ်ဆေး ရေး ဦးစီးဌာနနှင့် ရေဖြူကျေးရွာ ဒေသခံများ အနေဖြင့် မြေယာအငြင်းပွား မှုစစ်ဆေးရေးကော်မတီ အဆင့်ဆင့် ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရသည်။
.

Journal Download

Photo of three cats