ကိုစိုး၊ မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော်၊ တောင် ကြီးမြို့နယ် အတွင်းရှိ
ဖာမွန်းကျေး ရွာအုပ်စု၊ ရေဖြူ (ထီဗွာ) ကျေးရွာ တွင် အထူးစုံစမ်း စစ်ဆေးရေး ဦးစီး
ဌာနနှင့် ဒေသခံများအကြားဖြစ်ပွား နေသော မြေယာပိုင်ဆိုင်မှု အငြင်း ပွားမှု
ကိစ္စနှင့် ပတ်သက်၍ သက် ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့်၏
ဆုံးဖြတ် ချက်အတိုင်း လိုက်နာ ဆောင်ရွက် သွားမည်ဟု သိရသည်။
.
.
“၂၀၀၂
ဝန်းကျင်လောက်မှာ စစစ က အခု မြေယာ အငြင်းပွား နေတဲ့ မြေနေရာမှာ သစ်ဆိမ့်ပင်တွေ
စိုက်ပျိုးမယ်။ အလုပ်အကိုင် အခွင့် အလမ်းနဲ့ အကျိုးအမြတ် ခံစားခွင့်
ရမယ်ဆိုပြီးပြောလို့ ဒေသခံတွေက လက်ခံ ခဲ့တာပါ။ အခုလို မြေယာတွေ သိမ်းခံရမယ်လို့
မထင်ခဲ့ဘူး။ ၂၀၀၆ လောက်မှာ ကြက်ဆူ လာစိုက်တယ်။ အဲဒီနောက်ပိုင်းမှာ စစစ က သူတို့
ပိုင်မြေဖြစ်ကြောင်း ပုံစံ ၁၀၅ လာပြ မှ ရွာသားတွေက သူတို့မြေ အသိမ်း ခံရတာကို
သိခဲ့တာပါ” ဟုမြေသိမ်း ဆည်း ခံရသည့် ကိုသောင်းထိုက်က ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အထူးစုံစမ်းစစ်ဆေး
ရေး ဦးစီးဌာန (စစစ)မှ တာဝန်ရှိသူ အား ကမ္ဘောဇတိုင်းမှ သွားရောက် တွေ့ဆုံ
မေးမြန်းရာတွင် “မြေလွတ် မြေ ရိုင်း ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဌာနပိုင် ပုံစံ
(၁၀၅) လျှောက်ပြီး သစ် ဆိမ့် စိုက်ပျိုးခဲ့တယ်။ သရက်ပင်၊ ထောပတ်ပင်၊ ကြက်ဆူပင်တွေ
ခေတ်အဆက်ဆက် စိုက်ပျိုးခဲ့တယ်။ စတင် စိုက်ပျိုးကတည်းက ဒေသခံ တွေကိုလည်း ထောက်ပံ့
ကူညီပေး ခဲ့တာတွေ ရှိပါတယ်။ အခုကျွန်တော် တို့မြေပေါ်မှာ အကွက်ရိုက်ပြီးရောင်း
လာတာတွေ ရှိနေလို့ ဌာနက ၂၀၀၂ ခုနှစ်ကတည်းက လုပ်ကိုင်ခွင့် ရရှိခဲ့ တာနဲ့
မသိနားမလည်တဲ့ သူတွေက ဒီမြေကို ဝယ်မိမှာ စိုးတဲ့ အတွက် ဆိုင်းဘုတ်တွေ လာထောင်
တာပါ။ အရင်လည်းထောင်ခဲ့တာ ရှိ ပါတယ်။ ဖျက်ဆီး ခံခဲ့ရတာပါ” ဟု ပြောသည်။
.
အဆိုပါ ရေဖြူကျေးရွာ ဒေသ ခံများနှင့် ဖြစ်ပွားလျက်ရှိသည့်
မြေ ယာ အငြင်းပွားမှု အား သက်ဆိုင် ရာ မြို့ နယ် မြေယာအငြင်းပွား မှု စီမံခန့်
ခွဲမှု ကော်မတီ အဆင့်ဆင့်၏ ဆုံး ဖြတ်ချက် အတိုင်းသာ ဆောင်ရွက် သွားမည်
ဖြစ်ကြောင်းနှင့် ယင်းမြေ နေရာပေါ်တွင် အိမ်ဆောက်နေထိုင် သူများ
စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ကိုင်နေသူများအပြင် မြေဝယ် ယူထားသူတို့အား
ဌာနပိုင်မြေ ဖြစ် သည့်အတွက် ပြန်လည် စွန့်လွှတ် ပေးရန် အတင်းအကျပ် ဖိအားပေး
ခြိမ်းခြောက်ခဲ့ခြင်း တစ်စုံတစ်ရာ မ ရှိကြောင်း ၎င်းတာဝန်ရှိသူမှ ဆက် လက်
ပြောကြားခဲ့သည်။
.
ယင်း အငြင်းပွားမှု ဖြစ်ပေါ်နေ သည့်မြေဧရိယာ အကျယ်ဝန်းမှာ
၁ဝ ဒသမ ၁၇ ရှိပြီး ယင်းမြေနေရာပေါ်၌ လက်ရှိတွင် လူနေအိမ် ၆ လုံးနှင့်
စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ တည်ရှိနေပြီး မြေယာအငြင်းပွားမှု နှင့်
စပ်လျဉ်း၍ ဒေသခံ မြေပိုင်ရှင် အ ချို့မှ ယခု လက်ရှိ အစိုးရအပြင် ယ ခင် အစိုးရ
လက်ထက်ကလည်း သက်ဆိုင်ရာ ဌာနများသို့ တိုင်ကြား စာ ပေးပို့ထားကြောင်း သိရသည်။
.
No comments:
Post a Comment