အောင်သပြေတိုးဂိတ်မှ ဒေသခံယာဉ်များအပေါ် ဖြတ်သန်းခ ကောက်ခံမည့်အစီအစဉ်နှင့် ဆန္ဒ ဖော်ထုတ်မည့် အစီအစဉ်များကို ယာယီဆိုင်းငံ့ - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, June 30, 2020

အောင်သပြေတိုးဂိတ်မှ ဒေသခံယာဉ်များအပေါ် ဖြတ်သန်းခ ကောက်ခံမည့်အစီအစဉ်နှင့် ဆန္ဒ ဖော်ထုတ်မည့် အစီအစဉ်များကို ယာယီဆိုင်းငံ့

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အောင်သပြေတိုးဂိတ်တွင် ဒေသခံယာဉ်များအား ဖြတ်သန်းခ ကောက်ခံ မည့် အစီအစဉ်ကို ယာယီဆိုင်းငံ့ကြောင်း ညှိနှိုင်းမှုအရ အဆိုပါတိုးဂိတ် ပြောင်းရွှေ့ပေးရေး ဆန္ဒ ဖော်ထုတ်မည့် အစီအစဉ် ကိုလည်း ယာယီ ပြန်လည်ရုတ်သိမ်းလိုက်သည်ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဦးတင်ရွှေထံက သိရသည်။
 .

.
“မြို့နယ်ရဲတပ်ဖွဲ့မှူးက ကုမ္ပဏီနဲ့ ဖုန်းအဆက်အသွယ် ယူပြီး ဒေသခံယာဉ်တွေကို ဖြတ်သန်းခ ကောက်ခံမယ့် အစီအစဉ်ကို ဆိုင်းငံ့တယ်လို့ ပြောလာတယ်။ ပြီးတော့ ပြည်နယ်အစိုးရကိုလည်း ဒီကိစ္စ ပြန်လည်ဆွေးနွေး တင်ပြမယ် ဆိုပြီး ညှိနှိုင်းသဘောတူကြပါတယ်” ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဦးတင်ရွှေက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
အောင်သပြေတိုးဂိတ် ရွှေ့ပြောင်းပေးရေးအတွက် ဒေသခံယာဉ်ပိုင်ရှင်များ၊ ယာဉ်အစီး ၃၀၀ ဖြင့် ဇူလိုင်လ  ၂ ရက်တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ပြုရန် တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးထံ သို့ ဇွန်လ ၂၉ ရက် တင်ပြ လျှောက်ထားခဲ့သည့်အပေါ်တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်မှ အဆင့်ဆင့် တင်ပြ ခဲ့ပြီး ကုမ္ပဏီသို့ ဖုန်းဖြင့်ဆက်သွယ်ကာ ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် COVID-19 ရောဂါ အရေးပေါ်ကာလအတွင်း လူစုလူဝေးဖြင့် စီတန်း လှည့်လည် ရန် အဆင်မပြေကြောင်း၊ အောင်သပြေတိုးဂိတ်တာဝန်ရှိ သူများကလည်း ဇူလိုင်လ ၁ ရက် မှ ဒေသခံယာဉ် များအပေါ် ဖြတ်သန်းခကောက်ခံမည့် အစီအစဉ်အား ဆိုင်းငံထားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လည်း ပြန်လည် ခေါ်ယူညှိနှိုင်းဆွေးနွေးမည့်အချိန်အထိ ယာယီစောင့်ဆိုင်းပြီး ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ပြုရန် လျှောက်ထားမှုအား ပြန်လည်ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
.
အဆိုပါ တွေ့ဆုံညှိနှိုင်းမှုကို တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ဇွန်လ ၃၀ ရက် နေ့လယ် ၁ နာရီမှ ၂ နာရီခွဲအထိ ပြုလုပ်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အေးနိုင်ဝင်းနှင့် ဆန္ဒဖော်ထုတ်ခွင့် လျှောက်လွှာတင်သွင်းခဲ့သူ ဦးတင်ရွှေအပါအဝင် ဦးအေးကျော်၊ ဦးဇော်ဇော်ထွန်း၊ ဦးတင်ဦးမော်၊ ဦးစည်သူအောင် တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
အောင်သပြေတိုးဂိတ်ကိစ္စတွင် COVID-19 ကာလကန့်သတ်ချက် ကုန်ဆုံးပြီးနောက် ကုမ္ပဏီနှင့် အစိုးရဘက်မှ ထူးခြားမှုမရှိပါက ဂိတ်ပြောင်းရွှေ့ပေးရေးဆက်လက် တောင်းဆိုသွားရန်ရှိကြောင်း တွေ့ဆုံပွဲတက်ရောက်သူ ဦးကျော်အေးက ပြောသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)