မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့ရှိ
မြို့နယ်သစ်တောဦးစီးဌာန ပိုင် ထင်းရှူးတော ကြိုးဝိုင်းအတွင်းမှ
လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ရရှိ ထားသည့် မြေဧက ၂၀၀ ကျော်အား ပုံစံ (၇)
ပယ်ဖျက်ပေးရန် ရှမ်းပြည် နယ် အစိုးရအဖွဲ့သို့ တင်ပြထားသည် ဟု သိရသည်။
.
.
“၂၀၁၈ လောက်မှာ ကျွန်တော် တို့ သစ်တောဌာနက
ထင်းရှူးကြိုး ဝိုင်းအတွင်းမှာ ထင်းရှူး စိုက်ခင်းလုပ် မှ လယ်ယာမြေလုပ်ပိုင်ခွင့်
ပုံစံ(၇)ထွက်ထားတဲ့မြေဧက ၂၀၀ ကျော်ရှိ တယ်ဆိုတာ သိရတယ်။ ၂၀၁၂ မှာ တစ်ခါ ၂၀၁၄ မှာ
တစ်ခါ ၂၀၁၆ မှာ တစ်ခါ ပုံစံ (၇) ထွက်ထားတာ တွေ့ရှိ ရတယ်။ ဒီမြေနေရာကို သစ်တော ဌာ
နပိုင်မြေအဖြစ်မှ တရားဝင် ပယ်ဖျက် ထားတာမျိုး မရှိသေးဘူး။ သစ်တော မြေပေါ်မှာ
လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ (၇) ထွက်ရှိထားတာ တွေကိုပယ် ဖျက်ပေးဖို့
ပြည်နယ်အစိုးရအဖွဲ့ဆီ တင်ပြထားပါတယ်။ တကယ်တော့ သစ်တောပိုင်မြေပေါ်မှာ မြေစာရင်း က
မှားယွင်းပြီး ပုံစံ(၇)ထုတ်ပေးခဲ့တာ ပါ"ဟု တောင်ကြီး မြို့နယ် သစ်တော ဦးစီးဌာန
ဦးစီးအရာရှိ ဦးမောင်မျိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ (၇)
ထွက်ရှိထားသောမြေဧက ၂၀၀ ကျော်မှာ သစ်တောဦးစီးဌာန ထင်းရှူး
ကြိုးဝိုင်းမြေဖြစ်သောကြောင့် ပယ် ဖျက်ပေးရန် တင်ပြရခြင်းဖြစ်ပြီး ပြည် နယ်အစိုးရက
သစ်တောမြေအဖြစ်မှ တရားဝင် ပယ်ဖျက်ထားခြင်းမျိုး မရှိ သေးကြောင်း သိရသည်။
.
ယင်းကဲ့သို့ လယ်ယာမြေလုပ်ပိုင် ခွင့်
ပုံစံ(၇)ထွက်ရှိထားသည့် မြေဧက ၂၀၀ ကျော်အား ပယ်ဖျက်ပေးရန် သစ်တောဦးစီးဌာန၏
တင်ပြလာချက်အရ ပြည်နယ်အစိုးရမှ သစ်တောဦးစီးဌာန၏ ထင်းရှူးကြိုးဝိုင်းမြေ ဧရိယာအတွင်း ပါဝင်ခြင်း ရှိ/မရှိ စိစစ်တင်ပြရန် ပြန်လည်ညွှန်ကြားလာသဖြင့်
မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာနတို့မှ စိစစ်လက် မှတ်ရေးထိုးပြီး ပြန်လည်တင်ပြ ထား သည်ဟု သိရသည်။
.
No comments:
Post a Comment