တောင်ကြီး ငှက်ဘေးမဲ့ တောအတွင်းရှိ အပင်ပေါက်များအား ရှောင်ကွင်း သွားလာရန် သစ်တောဦးစီးဌာနမှ မေတ္တာရပ်ခံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး ငှက်ဘေးမဲ့ တောအတွင်းရှိ အပင်ပေါက်များအား ရှောင်ကွင်း သွားလာရန် သစ်တောဦးစီးဌာနမှ မေတ္တာရပ်ခံ


စုလှိုင်
.
အင်းလေးကန် ရေရှည်တည်တံ့ စေရေးအတွက် တောင်ကြီး ငှက်ဘေး မဲ့တောအတွင်း Seed Ball များ စိုက်ပျိုးထားရှိ သည့်အတွက် ယင်းတောအတွင်းသို့ ဝင်ရောက်သူများအနေဖြင့် အပင်ပေါက်များအား သတိမူရှောင်ကွင်း သွားလာကြ ရန် ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ မေတ္တာရပ်ခံ ထားသည်။
.
 
.
အပင်က မိုးနဲ့ဆိုတော့ အခြေအနေကောင်းတယ်။ နင်းမိမှာပဲ စိုးတာပါ။ နွေကျရင် တောမီးကို စိုးရိမ်ရတယ်။ အဲဒါကို လည်း မေတ္တာရပ်ခံတာတွေ လုပ်ရမယ်။ တောင်ကြီးမှာ တက်ကြွလှုပ်ရှားသူတွေ ရှိတယ်။ သူတို့အကူအညီနဲ့ စုပေါင်းပြီး တော့ ကာကွယ်သွားဖို့ ရှိတယ်။ လူမှုကွန်ရက်က နေလည်း မေတ္တာရပ်ခံမယ်။ မီဒီယာ တွေကိုလည်း အကူအညီတောင်း မယ်”ဟု ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့နယ် အတွင်း Seed Ball အပင်ရေ ၁၅၀၀၀ ကို မေ လ ၁၈ ရက်နှင့် ၂၁ ရက်တို့က ၂ ကြိမ် စိုက်ပျိုးထားပြီး မျိုးစေ့ပေါက် သေချာသည့် အပင်များကို ဦးစားပေးစိုက် ပျိုးထားကာ ငှက်ဘေးမဲ့တော အတွင်း ချယ်ရီနှင့် စိန်ပန်းပြာ ပင်များ၊ ရေသင်းဝင်၊ မန်ကျည်း၊ မယ်ဇလီ၊ ဘောစကိုင်းပင်များကို စိုက်ပျိုးထား ပြီး ဖြစ်သည်ဟု သိရသည်။
.
အလားတူ တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ပင်းတယ၊ ဖယ်ခုံမြို့ နယ်များရှိ သစ်ပင်မပေါက်သော တောင်ကတုံး များတွင် သစ်စေ့မြေ လုံး(Seed Ball) ၁ သိန်း ၇ သောင်းကို အင်းလေးကန် ရေရှည်တည်တံ့စေ ရေးအတွက် အထောက် အကူပြု လုပ်ငန်းတစ်ရပ်အနေဖြင့် ဆူးထိုးချစိုက် ပျိုးထားကြောင်း ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ သိရသည်။
.

Journal Download

Photo of three cats