တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ အဆောက်အဦတစ်လုံးတွင် လျှပ်စစ်မီးပူပလပ် တပ်ထားရာမှ မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, June 27, 2020

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ အဆောက်အဦတစ်လုံးတွင် လျှပ်စစ်မီးပူပလပ် တပ်ထားရာမှ မီးလောင်မှုဖြစ်ပွား

နန်းဝင်းရီ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၂)၊ ငွေစန္ဒာလမ်းရှိ အဆောက်အဦ တစ်လုံးတွင် ယမန်နေ့ ဇွန်လ ၂၆ ရက်၊ ည ၁၁ နာရီခွဲခန့်က လျှပ်စစ်မီးပူ ပလပ်တပ်ထားရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် အဆောက်အဦမှာ ငွေစံအိမ် ရိုးရာ အထည်ချုပ်စက်ရုံဖြစ်ပြီး လျှပ်စစ်မီးပူ ပလပ်တပ်ထားရာမှတစ်ဆင့် ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ မီးလောင်မှု ကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
.
မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်/ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒေသခံပြည်သူများမှ မီးသတ်ယာဉ် ၉ စီး၊ ရေသယ်ယာဉ် ၄ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီအချိန်တွင် မီးအား ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့် အပ်ချုပ်စက် ၅၂ လုံး၊ ဒါးစက် ၈ လုံး၊ ပန်းထိုးစက် ၃ လုံး၊ မီးပူ ၂ လုံးနှင့် အဆောက်အဦ တံခါးများ မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ၄၁၆၀၀၀၀ ကျပ်ခန့်ရှိကာ မီးပေါ့ဆစွာ သုံးစွဲသူ ဒေါ်နန်းစံလှိုင် အား တောင်ကြီးနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပ‌ဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About