တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

နန်းဝင်းရီ

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ နယ်မြေ (၁၂)၊ အေးချမ်းအောင်လမ်းရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဇွန်လ ၁၆ ရက်၊ နံနက်ပိုင်း ၉ နာရီခန့်က နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

“မီးလောင်တာ ရေအေးကွင်းရပ်ကွက်၊ နယ်မြေ (၁၂) မဟာယန ကျောင်းနားမှာပါ။ မီးသတ်ကားတော့ ရောက်သွားပါပြီ” ဟု တောင်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်၊ ရေသယ်ယာဉ်များ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ လတ်တလောတွင် မီးအား ထိန်းနိုင်ခဲ့ပြီး မီးလောင်မှုအကြောင်းအရင်း နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးတို့ကို စိစစ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ကနဦး သိရသည်။

.

Journal Download

Photo of three cats