မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော်
တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ဝါးပြားလမ်းဆုံအနီးရှိ ကွမ်ရင်မယ်တော်
ဘုံကျောင်း အဝင်လမ်းနှင့် အုတ်တံတိုင်းအား လမ်းနယ်နှင့် မလွတ်ကင်းသည့် အတွက်
စတင် ဖြိုဖျက်နေ ကြောင်း သိရသည်။
.
.
"အနောက်မြို့ပတ်လမ်း
အဆင့် မြှင့်တာနဲ့ တစ်ခါထဲလမ်းမြေနဲ့ မလွတ်ကင်းတာတွေကို ဖယ်ရှားခိုင်းပါတယ်။
ဝါးပြားလမ်းဆုံက တရုတ်ဘုံကျောင်းက ဖျက်ပေးဖို့ အရင်ကတည်းက သဘောတူထားပါတယ်။
အုတ်တံတိုင်း နဲ့ အဝင်လမ်း အသစ် ပြန်ဆောက်ဖို့ အတွက်ကို ဘုံကျောင်း ဂေါပကတွေက
တရုတ်အင်ဂျင်နီယာနဲ့ ဒီဇိုင်း ပြန်ဆွဲနေပါပြီ။ စည်ပင်သာယာရေးဌာန
အင်ဂျင်နီယာကလည်း ညွှန်ကြားစရာတွေရှိရင် ညွှန်ကြားပေးနေ ပါတယ်။ ကုန်ကျစရိတ်ကိုလည်း သူတို့ဘက်ကပဲ တာဝန်ယူ ဆောင်ရွက်မှာပါ"ဟု တောင်ကြီးမြို့ နယ်
စည်ပင် သာယာရေး ကော်မတီ အဖွဲ့ဝင် ကိုဇော်ဝင်းထူးက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
ထို့အတူ
အနောက်မြို့ပတ်လမ်း ဘေး ဝဲ၊ ယာရှိ လမ်းမြေနှင့် မလွတ် ကင်းသည့် အဆောက်အဦများအုတ်
တံတိုင်းများ အိမ်ဝင် လှေကားခုံများ အား ဖြိုဖျက်ပေးရန် စည်ပင်သာယာ ရေးဌာနမှ
သက်ဆိုင်ရာ အိမ်ရှင် များအား အကြောင်းကြားစာများ ပေးပို့ ထားပြီး ဖြစ်ကာ
နဂါးပွက်ကျောင်း လမ်းဆုံနှင့် စိန်ပန်းရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးအကြားရှိ
လူနေအိမ်အချို့ မှာ လမ်းမြေနှင့် မလွတ်ကင်းသည့် အတွက်
ဖြိုဖျက်ပေးရန် ညှိနှိုင်းဆောင် ရွက်နေကြောင်း၎င်းထံက သိရသည်။
.
တောင်ကြီးမြို့၊
အနောက်မြို့ ပတ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ် ငန်းကို ဘဏ္ဍာရေးနှစ်အလိုက် အပိုင်း
၃ ပိုင်းခွဲ၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခု ဆောင်ရွက်နေသော အပိုင်း(၂) ဖြစ်သည့်
နဂါးပွက်လမ်းဆုံမှ ဝါးပြား လမ်းဆုံအထိ လမ်းအရှည် ၁ ဒသမ ၈ မိုင်ကို ၂၀၁၉-၂၀၂၀
ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် အဆင့်မြှင့်တင် ဆောင် ရွက်နေခြင်းဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment