အခြေခံပညာ ကျောင်းသုံး ဖတ်စာအုပ်များ ဝယ်ယူမှု အနည်းငယ်သာ ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, June 29, 2020

အခြေခံပညာ ကျောင်းသုံး ဖတ်စာအုပ်များ ဝယ်ယူမှု အနည်းငယ်သာ ရှိ

မင်းမင်း
.
အခြေခံပညာကျောင်းများ ဖွင့် လှစ်မည့်ရက်ကို အခြေခံပညာဦးစီး ဌာနမှ ထုတ်ပြန်ကြေညာထားသော် လည်း ရှမ်းပြည်နယ် မြို့တော် တောင် ကြီးမြို့ပေါ်တွင် ကျောင်းသုံး ဖတ်စာ အုပ် ဝယ်ယူသူ အနည်းငယ်သာ ရှိ သေးသည်ဟု သိရသည်။
.
 
,
“ကျွန်မတို့ တောင်ကြီးမြို့ကို စ ရောက်တဲ့အချိန်ကတည်းက ကျောင်း သုံးဖတ်စာအုပ်နဲ့ တခြား ပိုစတာတွေ၊ ပြက္ခဒိန်တွေ ရောင်းတယ်။ စာအုပ် အဖုံးတွေချုပ်တယ်။ ကျောင်းသုံးဖတ် စာအုပ်တွေ ရောင်းလာတဲ့ နှစ် ၂၀ ကျော် သက်တမ်းတစ်လျှောက်မှာ ဒီ နှစ်လောက် ရောင်းအားကျတာ မကြုံ ဖူးပါဘူး။ ဖတ်စာအုပ်က ဝယ်သူကို မ လာဘူး။ တခြား ပိုစတာတွေ၊ စာအုပ် တွေပဲ ရောင်းရတယ်”ဟု တောင်ကြီး မြို့မဈေးအတွင်း ကျောင်းသုံး ဖတ် စာအုပ်နှင့် ပြက္ခဒိန် ရောင်းချသူ ဒေါ် သန်းနုက ပြောသည်။
.
ကျောင်းသုံး ပြဌာန်း ဖတ်စာအုပ် များမှာ ဈေးနှုန်း မြင့်မားသဖြင့် ကျောင်းသား မိဘများမှ ဖတ်စာအုပ် အစုံလိုက် ဝယ်ယူသူ နည်းပါးပြီး တစ် ဆင့်ပြန်လည် ရောင်းချသူလည်းနည်း ပါးလာကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
“အရင်နှစ်က ဒီလိုအချိန်ဆို က လေးတွေ ကျောင်းတက်နေရပြီ။ ဒီ နှစ်က COVID-19 ကြောင့် ကျောင်း ဖွင့် နောက်ကျတာအပြင် အောင်စာ ရင်း ထွက်တာတောင် နောက်ကျ တယ်။ ကျောင်းဖွင့်ချိန် ကြေညာထား ပေမဲ့ ကလေးတွေကို ကျောင်းမ အပ် ရ သေးဘူး။ ကျောင်းအတွက် လိုအပ် တဲ့ ကျောင်းစိမ်းကအစ စာအုပ်တွေ၊ ခဲတံတွေ တခြား လိုအပ်တာတွေ မ ဝယ်ဖြစ်သေးဘူး။ ခါတိုင်းနှစ်လည်း ဖတ်စာအုပ်တွေက ကျောင်းက ထုတ် ပေးတာပဲ သုံးတယ်။ နောက်မှလိုအပ် တာကို အပြင်မှာ ဝယ်ဖြစ်တယ်” ဟု တောင်ကြီးမြို့နေ ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
.
ထို့အတူ ကျောင်းဝတ်စုံ အရောင်း ဆိုင်များ၊ ဗလာစာအုပ်နှင့်စာရေး ကိရိ ယာအရောင်းဆိုင်များလည်း ယခုနှစ် တွင် သိသိသာသာ အရောင်းကျဆင်း နေသည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats