တာချီလိတ်တွင် စိတ်ကြွရူးသွပ်ဆေး ၂၀၀၀၀ ပြားအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, June 27, 2020

တာချီလိတ်တွင် စိတ်ကြွရူးသွပ်ဆေး ၂၀၀၀၀ ပြားအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းမိ

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံးဈေးအနီး လမ်းမပေါ်တွင် ဇွန်လ ၂၆ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြားအား သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
.
 
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၆ ရက်၊ ညနေ ၆ နာရီခွဲခန့်က သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံစျေးအနီး လမ်းပေါ်တွင် တာချီလိတ်မြို့ဘက်မှ ဝမ်ကျောက်လုံစျေးဘက်သို့ တာချီလိတ်မြို့နယ်၊ စီနော် (၂) ကျေးရွာနေ အိုက်လွိုင်နွဲ့ (ခ) အိုက်နွဲ့ (၄၈ နှစ်) စီးနင်းမောင်းနှင်သောမော်တော်ဆိုင်ကယ်နှင့် တာချီလိတ်မြို့နယ်၊ ပါဝုန်းကျေးရွာနေ စိုင်းစီ (၃၉ နှစ်) စီးနင်းမောင်းနှင်လာသောမော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေ ရာ အိုက်လွိုင်နွဲ့(ခ) အိုက်နွဲ့မောင်းနှင်လာသည့် ဆိုင်ကယ်ရှေ့ခြင်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့် ထည့်ထားသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၀၀ သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား စိုင်းစီ မှ သယ်ဆောင် ခိုင်းခြင်းဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် တာချီလိတ်မြို့ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေး လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About