တာချီလိတ်တွင် ငွေကျပ် ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် ငွေကျပ် ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဇွန်လ ၁၇ ရက်၊ နံနက်ပိုင်းက ငွေကျပ် ၃ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူများ၊ လက်နက်ခဲယမ်းများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
.
.
တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၇ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က တာချီလိတ်မြို့၏ အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာတွင် ရွှေပြည်အေးဘက်မှ ကြိုး တံတား ကျေးရွာဘက်သို့ ကျဘိုရှဲ မောင်းနှင်သည့် VIGO အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အား ရပ် တန့်စစ်ဆေးရာ ယာဉ်နှင့်အတူ လိုက်ပါလာသူ ၂ ဦးမှာ လမ်းဘေးလျှိုအတွင်းမှတစ်ဆင့် ထိုင်းနိုင်ငံ နယ်စပ် ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ကျဘိုရှဲအား ယာဉ်ပေါ်တွင် တင်ဆောင်လာ သည့် M-21 သေနတ် ၁ လက်၊ ၎င်းကျည် ၇၁ တောင့်၊ ဘရောင်နင် အမျိုးအစား ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၄၇ တောင့်၊ WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀၀၀ ပြား၊ ဘိန်းဖြူ ၂ ဒသမ ၄၅ ကီလိုဂရန်ခန့်၊ စုစုပေါင်း မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုး ငွေကျပ် ၃ ဘီလီယံကျော်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဖမ်းဆီးရမိသူ ကျဘိုရှဲ၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါး အပြားတစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၄၀၀၀ ဖြင့် ယခင်က မူးယစ်ဆေးပြား ၁၅ သိန်းကို ၂ ကြိမ် သယ်ဆောင်ပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။
.    
အဆိုပါ ဖမ်းဆီးရမိသူ ကျဘိုရှဲနှင့် ထွက်ပြေးသွားသူ ၂ ဦးတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၇၄/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ၁၉(က)/၂၂(ခ)/၂၁ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးကာ ထွက်ပြေးသွားသူများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats