တာချီလိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်းကျော် ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်းကျော် ဖမ်းမိ

မင်းဇော်မင်း

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလု-ဂျောပကျေးရွာချင်းဆက် တောလမ်းတွင် ယနေ့ ဇွန်လ ၁၄ ရက်၊ နံနက်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်းကျော်အား သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၄ ရက်၊ နံနက် ၂ နာရီ ၄၅ မိနစ် အချိန်ခန့်က စန်းလု-ဂျောပကျေးရွာသွား တောလမ်းတွင် မူးယစ်ဆေးဝါးသတင်းအရ ကြိုတင်စောင့်ဆိုင်းနေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ လီကျာ (၂၀ နှစ်) မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း မော်တော်ယာဉ်နောက်မှ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးသည် ရပ်တန့်၍ ယာဉ်မောင်းဖြစ်သူ ထွက်ပြေး သွားခဲ့ပြီး ယင်းမော်တော်ယာဉ်ပေါ်တွင် မနာဖူ (၁၉ နှစ်) ဆိုသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

ထို့နောက် မော်တော်ယာဉ်များအား ဆက်လက်စစ်ဆေးရှာဖွေရာ မနာဖူ လိုက်ပါလာသည့် မော်တော်ယာဉ် နောက်ခန်း အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅၀၂၀၀၀ ပြားကို ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ လီကျာ (၂၀ နှစ်) နှင့် မနာဖူ (၁၉ နှစ်) တို့ ၂ ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကာ ထွက်ပြေးလွတ်မြောက်သွားသူနှင့် ကွင်းဆက် များအား ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats