တာချီလိတ်မြို့နယ်၊ နားကျဲကျေးရွာအနီးတွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

Saturday, June 20, 2020

တာချီလိတ်မြို့နယ်၊ နားကျဲကျေးရွာအနီးတွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ နားသဲကျေးရွာအနီး လျှိုအတွင်း ဇွန်လ ၁၉ ရက်၊ ညနေပိုင်းက သိုဝှက်သိမ်းဆည်းထားသော စနိုက်ပါတပ် သေနတ်အပါအဝင် သေနတ် ၅ လက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
.
 
.
တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၉ ရက်၊ ညနေ ၄ နာရီခွဲခန့်က နားကျဲကျေးရွာ၏ အရှေ့ မြောက်ဘက်မီတာ ၈၀ဝ ခန့်အကွာရှိ လျှိုတစ်ခုအနီးသို့အရောက်၌  ပလတ်စတစ်အိတ်ဖြင့် ပတ်၍ မြေကြီးအတွင်းမြှုပ်နှံထားသည့် အထုပ် ၁ ထုပ်အတွင်းမှ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ပွိုင့်-၂၂ စနိုက်ပါသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည်မျိုးစုံ ၄၄ တောင့်၊ တစ်လုံးထိုးသေနတ် ၁ လက်၊ ဝမ်ချက်စတာ သေနတ် ၁ လက်၊ ပွိုင့်-၃၈ ငါးလုံးပြူးသေနတ် ၁ လက်၊ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၇၀ဝ၀ ပြားနှင့် ဘိန်းဖြူ ဒသမ ဝ၃ ကီလို ဂရမ်ခန့်၊  ဘိန်းမဲ ၁ ကီလို ဂရမ်ခန့်စုစုပေါင်းမူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၂၀ ကျော်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည် ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
အလားတူ ဇွန်လ ၁၈ ရက်ကလည်း မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါး ၃ ဘီလီယံ ကျော်နှင့် လက်နက်များကို တာချီလိတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ်လမ်းရှိ ကြိုးတံတား ကျေးရွာအနီး တွင် ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)