COVID-19 ကာလအတွင်း အသက် ၈၅ နှစ်နှင့်အထက် အဖိုးအဖွားများအား လူမှုရေးပင်စင် တိုးမြှင့် ထောက်ပံ့ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, June 21, 2020

COVID-19 ကာလအတွင်း အသက် ၈၅ နှစ်နှင့်အထက် အဖိုးအဖွားများအား လူမှုရေးပင်စင် တိုးမြှင့် ထောက်ပံ့

 စုလှိုင်
.
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကာလအတွင်း ရှမ်းပြည်နယ် အတွင်းရှိ အသက် ၈၅ နှစ် နှင့် အထက် အဖိုးအဖွားများအား လူမှုရေးပင်စင်များ တိုးမြှင့် ထောက် ပံ့ပေးလျက်ရှိကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံက သိရသည်။
.
 
.
“ပုံမှန်က အသက် ၈၅ နှစ်နဲ့ အထက်ကို  ၃ သောင်းကျပ် ပေးတယ်။ COVID-19 ကာလမှာ ၃ သောင်း ထပ် တိုးပေးတာ ဖြစ်တယ်။ စုစုပေါင်း ၆ သောင်းပေးနေပါတယ်” ဟု ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်း သား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ထို့အပြင် Quarantine Center အ သီးသီးတွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ခံနေရသူ အသက် ၆၀ နှစ်နှင့် အထက် သက်ကြီးများကို လည်း ၃ သောင်းကျပ် ထောက်ပံ့ပေး မည်ဖြစ်ကာ ကိုယ်ဝန်ဆောင် များကို ၃ သောင်းကျပ်၊ အသက် ၁ နှစ်မှ ၅ နှစ်အရွယ် ကလေးငယ်များကိုလည်း ၃ သောင်းကျပ် ထောက်ပံ့ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
.
“IDP (စစ်ရှောင်စခန်း) တွေမှာ ရှိတဲ့ ကိုယ်ဝန်ဆောင်နဲ့ အသက် ၂ နှစ် အထိ ကလေးတွေကို ၃ သောင်း၊ ၂ နှစ် ကနေ ၅ နှစ်အထိကို ၁ သောင်း၊ မသန်စွမ်းတွေ ရှိရင် ၃ သောင်း၊ ၈၅ နှစ်နဲ့အထက်ကို ၃ သောင်း ပေးပါ တယ်”ဟု ပြည်နယ်ဝန်ကြီး ဒေါက် တာအောင်သန်းမောင်က ဆက်လက် ပြောဆိုခဲ့သည်။
.
COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကာလအတွင်း နိုင်ငံတော်မှ အခြေခံလူတန်းစားများ အတွက် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကု လားပဲ၊ ဆား စသည့် အခြေခံစား သောက်ကုန်များအပြင် ငွေသား ထောက်ပံ့မှုများကို ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် အိမ်သုံးလျှပ်စစ် မီတာခများကိုလည်း ယူနစ် ၁၅၀ အ ထိ ကင်းလွတ်ခွင့် ပြုကာ ကောက်ခံ ပေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)