စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ အောင်သပြေရပ်ကွက်ရှိ အောင်သပြေတိုးဂိတ် နှင့် ပတ်သက်၍
ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့် တင်ပြထားသည်ဟု သိရသည်။
.
.
"တိုးဂိတ်က
နေရာမှန်မှာ မလုပ်တဲ့အတွက်ကြောင့် ဒီမှာရှိတဲ့ ဒေသခံပြည်သူတွေ အသွားအလာ အနှောင့် အယှက်
ဖြစ်နေတယ်။ နဂိုထဲက ကတိပေးပြီးသားကို ဖောက်ဖျက်ပြီးတော့ ငွေကောက်မယ်ဆို ပြီးလုပ်တဲ့
အတွက် ကြောင့် ဆန္ဒထုတ်ဖော်ထုတ်ရခြင်းပါ။ မြို့နယ် အစွန်အဖျားမှာ လုပ်တာ မဟုတ်ဘဲ ရပ်ကွက်
အလယ်ခေါင်မှာ တိုးဂိတ်ကို လာလုပ်တဲ့ အတွက် စစချင်းမှာလည်း ကန့်ကွက်ခဲ့ပါတယ်” ဟု ဆန္ဒဖော်ထုတ်ပွဲအား
ဦးဆောင်မည့် ဦးတင်ရွှေက ကမ္ဘောဇတိုင်း သို့ပြောသည်။
ရွှေညောင်မြို့၊
အောင်သပြေရပ်ကွက်ရှိ အောင်သပြေတိုးဂိတ်မှ မြို့ပေါ်နှင့် အနီးနားရှိ ဒေသခံမော်တော်ယာဉ် များအား
လမ်းဖြတ်သန်းခအဖြစ် ငွေကြေးကောက်ခံရန် စီစဥ်ထားရှိမှုနှင့်ပတ်သက်၍ အဆိုပါတိုးဂိတ် နေရာ အား
နေရာမှန် ရွှေ့ပြောင်းနိုင်ရန်အတွက် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ
ပုဒ်မ(၄) အရ မော်တော်ယာဉ်များဖြင့် စီတန်းချီ တက်လှည့်လည်နိုင်ရန် တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့
တင်ပြထား ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့်
ပတ်သက်၍ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်
မေးမြန်းရာ “ဘာတွေလဲ မသိဘူး မေးကြည့်ရဦးမယ်။ အထက်က ညွန်ကြားချက်ကိုကြည့်ရဦးမယ်။ အကျိုး အကြောင်းတွေကို
မေးကြည့်ရဦးမယ် ”ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ထို့အတူ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့
သွားရောက်တွေ့ဆုံ မေးမြန်းရာတွင် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တွေ့ဆုံ ခွင့် မရခဲ့ဘဲ တာဝန်ကျ
ရဲတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးက “မြို့နယ်ကို မေးကြည့်လိုက်ပါ။ ခရိုင်ကနေ ပြည် နယ်ကိုသွားမှာ။
အဆင့်ဆင့် ခွင့်ပြုချက် ယူရတာ။ ပြည်နယ်ကနေ ကျလား၊ မကျလား မသိသေးဘူး” ဟု ပြောဆိုခဲ့သည်။
အဆိုပါ အောင်သပြေတိုးဂိတ်နှင့်
ပတ်သက်၍ ကန့်ကွက်စာများကို နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်
တို့ကို တင်ပြ ထားပြီးဖြစ်ကြောင်းနှင့် ၂၀၁၂ ခုနှစ်မှစတင်ကာ ဒေသခံများ၊ ရပ်မိရပ်ဖများနှင့်
တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီတို့ အကြိမ်ကြိမ်ညှိနှိုင်းဖြေရှင်းခဲ့ပြီး ဖြစ်ကြောင်း
သိရသည်။
.
ငြိမ်းချမ်းစွာစီတန်း
လှည့်လည် ဆန္ဒထုတ်ဖော်ရာတွင် အလျား ၆ ပေ၊ အနံ ၃ ပေအရွယ်ရှိ "နေရာမှန်မဟုတ်သော
အောင်သပြေတိုးဂိတ်ချက် ချင်းရွှေ့ပြောင်းပေး" စာသားပါ ဗွီနိုင်းအား မော်တော်ယာဉ်တွင်တပ်ဆင်ကာ
မော်တော်ယာဉ်များ၏ ဘေးဝဲ/ယာများတွင် အလျား ၃ ပေ၊ အနံ ၁ ပေခွဲအရွယ်ရှိ "တာဝန်ရှိသူများ
ပြည်သူ့အခွင့်အရေးလေး စားပါ"၊ " အောင်သပြေတိုးဂိတ် တောင်လေးလုံးသို့ ရွှေ့ပြောင်းပေးပါ"
နှင့် "ဂတိဖေါက်ဖျက်သူကုမ္ပဏီအလိုမရှိ" စာသားပါ ဗွီနိုင်းစများတပ်ဆင်ကာ
ရွှေညောင် မြို့၊ ဘူတာ လမ်းဆုံရဲစခန်းရှေ့၌ စုရပ်ပြုလုပ်၍ ဇူလိုင်လ ၂ ရက်၊ နံနက် ၈ နာရီအချိန်မှ
ညနေ ၄ နာရီအချိန်အထိ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊ တောင်နီကျေးရွာ၊ ဟဲကယ်ကျေးရွာ၊
တောင်လေးလုံး ကျေးရွာနှင့် အေးသာယာမြို့များမှ ယာဉ်ပိုင်ရှင်များနှင့် မော်တော်ယာဉ်
၃၀၀ စီးခန့်တို့ဖြင့် ၁ စီးလျှင် လူ ၂ ဦးနှုန်းလိုက်ပါပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်
အောင်သပြေတိုးဂိတ်အထိ စီတန်းချီတက် လှည့်လည်သွားမည်ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment