အင်းလေးကန် ဝန်းကျင်ရှိ တောင်ကတုံးများနှင့် လွိုင်လင်တွင် Seed Ball ၃ သိန်းစီ စိုက်ပျိုးသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်းလေးကန် ဝန်းကျင်ရှိ တောင်ကတုံးများနှင့် လွိုင်လင်တွင် Seed Ball ၃ သိန်းစီ စိုက်ပျိုးသွားမည်

စုလှိုင်

.

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်၏ အရှေ့ဘက်၊ အနောက်ဘက်ရှိ တောင်ကတုံးများနှင့် လွိုင်လင်မြို့ နယ်အတွင်းရှိ တောင်ကတုံးများတွင် သစ်စေ့ဘောလုံး (Seed Ball) အလုံး ရေ ၃ သိန်းစီ စိုက်ပျိုးသွားမည်ဖြစ် ကြောင်း သိရသည်။

.

.

"Seed Ball တွေက အဆင်သင့် ဖြစ်နေပါပြီ။ တစ်နေရာကို ၃ သိန်းစီ စိုက်မယ်။ Seed Ball တွေက ဧရိယာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆောင်ရွက်နိုင် အောင် ကုန်ကျစရိတ် နည်းနည်းနဲ့ လုပ်တဲ့ သဘောပါပဲ။ မြို့နယ်သစ် တောဦးစီးဌာနတွေက ကိုယ့်အစီအ စဉ်နဲ့ကိုယ် တစ်နိုင်လေးတွေ စိုက်ကြ တာပေါ့”ဟု ရှမ်းပြည်နယ် သစ်တော ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင် မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။

.

အလားတူ ညောင်ရွှေမြို့နယ် အတွင်း ပြီးခဲ့သည့် မေလကုန်နှင့် ဇွန် လဆန်းပိုင်းက Seed Ball အလုံးရေ ၅ သိန်းကို ဆူးထိုးချ စိုက်ပျိုးခဲ့ပြီးဖြစ် သည်ဟု သိရသည်။

.

ထိုသို့ Seed Ball များအား ဆူး ထိုးချ စိုက်ပျိုးရာတွင် ထင်းရှူး၊ မယ် ဇလီ၊ ရေသင်းဝင်၊ ချယ်ရီ၊ အော်ရီး ရှား၊ ဘောစကိုင်း၊ ပင်စိမ်း၊ စွယ်တော်၊ မန်ကျည်း၊ တရုတ်မန်ကျည်းနှင့် ရေပိ တုန်းမျိုးစေ့များကို အဓိကထား စိုက် ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats