အင်းလေးကန်ဒေသရှိ တောင်ကတုံးများပေါ်တွင် ရဟတ်ယာဉ်ဖြင့် Seed Ball များ ကြဲချ စိုက်ပျိုး - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, June 21, 2020

အင်းလေးကန်ဒေသရှိ တောင်ကတုံးများပေါ်တွင် ရဟတ်ယာဉ်ဖြင့် Seed Ball များ ကြဲချ စိုက်ပျိုး

စုလှိုင်
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဒေသ အတွင်းရှိ တောင်ကတုံးများ ပေါ်တွင် ဇွန်လ ၁၉ ရက်ကစတင်၍ Seed Ball ၃ သိန်းကျော်ကို ရဟတ်ယာဉ်ဖြင့် ကြဲချစိုက်ပျိုးနေကြောင်း ရှမ်းပြည် နယ် သစ်တော ဦးစီးဌာနမှ သိရသည်။
.
 
.
“ဆူးထိုးချ စိုက်မယ့် Seed Ball တွေကို တပ်မတော်ဘက်က ရဟတ်ယာဉ် ကူညီပေးမယ်လို့ ဆက်သွယ် လာတယ်။ တစ်ပတ်၊ နှစ်ပတ် အတွင်းမှာ မူလက ဆူးထိုးချ စိုက် ဖို့ လုံးထားတဲ့ သစ်စေ့တွေ ရှိတယ်။ သူတို့က ကူညီပေးမှာဆိုတော့ ရ ဟတ်ယာဉ်နဲ့ ကြဲချဖို့ အစီအစဉ် ရှိပါ တယ်”ဟု ရှမ်းပြည်နယ် သစ်တော ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင် မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အလားတူ ညောင်ရွှေမြို့နယ် အတွင်း ပြီးခဲ့သည့် မေလကုန်နှင့် ဇွန်လ ဆန်းပိုင်းက Seed Ball အလုံး ရေ ၅ သိန်းကို ဆူးထိုးချ စိုက်ပျိုးခဲ့ပြီး ဖြစ်ကာ လွိုင်လင်မြို့အနီး တောင်က တုံးများနှင့် အင်းလေးကန်၏ အရှေ့ ဘက်နှင့် အနောက်ဘက်ရှိ တောင် ကတုံးများပေါ်တွင် Seed Ball များ ၃ သိန်းစီ စိုက်ပျိုးသွားမည် ဖြစ်ပြီး ကျိုင်းတုံတွင် Seed Ball ၁၇၂၀၀ ပင် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
အဆိုပါ Seed Ball ဖြင့် စိုက်ပျိုး ရာတွင် ထင်းရှူး၊ မယ်ဇလီ၊ ရေသင်း ဝင်၊ ချယ်ရီ၊ အော်ရီးရှား၊ ဘောစကိုင်း၊ ပင်စိမ်း၊ စွယ်တော်၊ မန်ကျည်း၊ တ ရုတ်မန်ကျည်းနှင့် ရေပိတုန်းမျိုးစိတ် များကို စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ပင်း တယ၊ ဖယ်ခုံမြို့နယ်များရှိ သစ်ပင် မပေါက်သော တောင်ကတုံးများပေါ် တွင် သစ်စေ့မြေလုံး (Seed Ball) ၁ သိန်း ၇ သောင်းကို အင်းလေးကန် ရေ ရှည် တည်တံ့ရေး အထောက်အကူပြု လုပ်ငန်း တစ်ရပ်အနေဖြင့် ဆူးထိုးချ စိုက်ပျိုးထားခဲ့ကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)