ရှမ်းတောင်မှ ပေးပို့ထားသည့် ဓါတ်ခွဲနမူနာ ၅၀၀ ကျော်၏ အဖြေများ မရရှိသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်မှ ပေးပို့ထားသည့် ဓါတ်ခွဲနမူနာ ၅၀၀ ကျော်၏ အဖြေများ မရရှိသေး

ကိုစိုး (ကမ္ဘောဇတိုင်း)

.

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းရှိ မြို့နယ်များမှ ပေးပို့ထားသည့် ဓါတ်ခွဲနမူနာ ၅၅၄ ခု၏ အဖြေများ ရရှိခြင်း မရှိသေးကြောင်း သိရသည်။

.


.

“၉ ရက်နေ့ ပို့ထားတဲ့ ၂၁၇ ဦးထဲမှာ ၂၁၆ ဦးက အားလုံး Negative ပါ။ အဲဒီထဲမှာ မိုးနဲကတစ်ဦး ကျန်ပါတယ်။ ပို့ထားပြီး မရသေးတာက ၁၁ ရက်မှာ ပေးပို့ထားတဲ့ ၂၂၃ ဦးနဲ့ ၁၂ ရက်မှာ ပေးပို့ထားတဲ့ ၃၃၁ ဦး၊ စုစုပေါင်း ၅၅၄ ဦးရဲ့ ဓါတ်ခွဲအဖြေတွေ မရသေးပါဘူး” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နှင်းအိဖြူ က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ဓါတ်ခွဲအဖြေ ရရှိခဲ့သည့် ၂၁၆ ဦးမှာ ညောင်ရွှေ၊ ဟဲဟိုးမြို့နယ်များတွင် Quarantine ဝင်ရောက်နေသူများနှင့် ရွာငံ မြို့နယ်မှ လူနာအမှတ် (၂၃၀) နှင့် ထိတွေ့ခဲ့သူ ၁၈ ဦးတို့ ပါဝင်ပြီး ၎င်းတို့အားလုံး၏ ဓါတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိရခြင်း မရှိကြောင်း သိရသည်။

.

လက်ရှိ ဓါတ်ခွဲအဖြေ မရရှိသေးသည့် ၅၅၄ ဦးတွင် Facilites Quarantine ဝင်ရောက်နေသူများအပြင် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ လူနာအမှတ် (၂၄၅) နှင့် ထိတွေ့ခဲ့သည့် ကလောမြို့နယ်မှ ၈ ဦးတို့၏ ဓါတ်ခွဲနမူနာများလည်း ပါဝင်နေသည်ဟု သိရသည်။

.

Journal Download

Photo of three cats