ရှမ်းတောင်မှ Quarantine ဝင်ရောက်နေသူ ၂၀၁ ဦး၏ ဓါတ်ခွဲနမူနာများကို ပေးပို့စစ်ဆေးထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, June 4, 2020

ရှမ်းတောင်မှ Quarantine ဝင်ရောက်နေသူ ၂၀၁ ဦး၏ ဓါတ်ခွဲနမူနာများကို ပေးပို့စစ်ဆေးထား


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသရှိ Quarantine ဝင်ရောက်နေသူ စုစုပေါင်း ၂၀၁ ဦး၏ ဓါတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးထားသည်ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာ မှ သိရသည်။
.
.
“အားလုံး ဓါတ်ခွဲပေးပို့ထားတာ ၂၀၁ ယောက်ပါ။ မနေ့ (ဇွန်လ ၃ ရက်) မနက်ပိုင်းက ပို့ထားတာဆိုတော့ အစောဆုံး ဒီညနေလောက် အဖြေသိရနိုင်ပါတယ်” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ဇွန်လ ၂ ရက်အထိ Facilities Quarantine ဝင်ရောက်နေသူ ၁၃၈၀ ဦး ရှိနေပြီး ယင်း Quarantine ဝင်ရောက်နေသူ အားလုံး၏ ဓါတ်ခွဲနမူနာများကို ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
“မြဝတီကနေ ပြန်လာတဲ့သူတွေကတော့ ကလော၊ ပင်းတယ၊ ညောင်ရွှေ၊ ဟဲဟိုး စတဲ့နေရာမှာ သပ်သပ်ထားတာ ရှိပါတယ်။ အဲဒါတွေအပြင် လက်ရှိ မြို့နယ်အသီးသီးမှာ Facilities Quarantine ၁၃၆ နေရာ ကျန်နေပါ သေးတယ်။ အားလုံးကို တော့ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးသွားမှာပါ။ သူတို့ ဝင်ရောက်လာတဲ့ရက်အပေါ် မူတည်ပြီး အသုတ်လိုက် ပေးပို့စစ်ဆေးသွားမှာပါ” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟန်ထူးအောင်ကလည်း ပြောဆိုခဲ့သည်။
.

ထို့အတူ တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်ကလည်း “တောင်ကြီးခရိုင်အတွင်းမှာတော့ တောင်ကြီး၊ ကလော၊ ညောင်ရွှေ၊ ပင်းတယမြို့နယ်တွေက နေရာ ၇ ခုမှာ မြဝတီက ပြန်လာသူ ၇၃၄ ဦးကို Quarntine ထားရှိထားပါတယ် ဟု ပြောသည်။
.
အဆိုပါ မြဝတီမြို့၊ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူများကို မေလ ၂၇ ရက်မှ စတင်၍ လက်ခံဆောင်ရွက်နေပေးနေခြင်းဖြစ်ပြီး ၎င်းတို့အနက်မှ ပထမအသုတ် ပေးပို့ထားသော ဓါတ်ခွဲအဖြေများမှာ ဇွန်လ ၆ ရက်တွင် စတင်ရရှိ နိုင်ဖွယ် ရှိနေကြောင်း ၎င်းထံက သိရသည်။
.
ယင်း ပြည်ပပြန်များ၏ ဓါတ်ခွဲနမူနာများကို ပေးပို့စစ်ဆေးပြီးနောက် ရောဂါပိုး မတွေ့ရှိ‌ကြောင်း အဖြေရပါက ၎င်းတို့ကို သက်ဆိုင်ရာမြို့နယ်များသို့ ပြန်လည်စေလွှတ်သွားမည်ဖြစ်ပြီး ယင်းမြို့နယ်တွင် Quarantine ၂၁ ရက်ပြည့် သည်အထိ ဆက်လက်ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About