ရှမ်းတောင်မှ ပေးပို့ထားသည့် Quarantine ၁၉၃ ဦး၏ ဓါတ်ခွဲနမူနာများတွင် COVID-19 ပိုးမတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, June 2, 2020

ရှမ်းတောင်မှ ပေးပို့ထားသည့် Quarantine ၁၉၃ ဦး၏ ဓါတ်ခွဲနမူနာများတွင် COVID-19 ပိုးမတွေ့


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှ ပေးပို့ထားသည့် ပြည်တွင်း/ပြည်ပပြန် Quarantine ဝင်ရောက်နေသူ ၃၃၆ ဦး၏ ဓါတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးစေခဲ့ရာ ၁၉၃ ဦး၏ ဓါတ်ခွဲ နမူနာ များတွင် COVID-19 ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း သိရသည်။
.
 
.
“အကုန်လုံးတော့ မရသေးပါဘူး။ ဒီနေ့အထိ သိရတာကတော့ ၁၉၃ ဦးရဲ့ ဓါတ်ခွဲနမူနာတွေမှာ ပိုးမတွေ့ဘူးလို့ သိရပါတယ်။ ရွာငံ၊ ဆီဆိုင် ၂ မြို့နယ်က ဓါတ်ခွဲအဖြေတွေ မရသေးပါဘူး” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ တောင်ကြီးမြို့ရှိ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာနှင့် ရွှေညောင်မြို့ရှိ တပ်မတော်လေ့ကျင့်ရေးစခန်းတွင် Quarantine ဝင်ရောက်နေသူ မြဝတီပြန် ၂၀၀ ဦးခန့်၏ ဓါတ်ခွဲနမူနာများကိုလည်း ယနေ့ မေလ ၂ ရက်တွင် ရယူပြီး မေလ ၃ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့သွားရန် ရှိနေကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
“NHL က ဒီနေ့ပဲ ပြန်ပို့လာတယ်။ ရသလောက် အားလုံး Negative ပါပဲ” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ နေရပ်ပြန်များသည် သက်ဆိုင်ရာ Facilities Center အသီးသီးတွင် အသွားအလာ ကန့်သတ်စောင့်ကြည့် နေသူများဖြစ်ပြီး ၎င်းတို့အနေဖြင့် Quarantine ရက်ပြည့်သည်အထိ ဆက်လက် နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
.
အလားတူ ပြည်ပနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများကို တောင်ကြီးမြို့ရှိ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာနှင့် အခြား Facilities Quarantinf စင်တာများတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်လျက်ရှိပြီး ၎င်းတို့၏ ဓါတ်ခွဲနမူနာ များကိုလည်း အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About