ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်

မင်းမင်း
.
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပြည်လုံး ကျွတ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်း ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် များ၌ ဝင်ရောက် အရွေးချယ်ခံ ယှဉ် ပြိုင်သွားမည် မဟုတ်ဘဲ လာမည့် ကြားဖြတ် ရွေးကောက်ပွဲများ၌ လစ်လပ်နေရာ ရှိပါက ဝင်ရောက်အရွေး ချယ်ခံ ယှဉ်ပြိုင်သွားမည် ဖြစ်သည် ဟု သိရသည်။
.
 
.
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ မှာ ပါတီ အနေနဲ့ တစ်နိုင်ငံလုံး အ တိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင် မယ်။ ရှမ်းပြည်နယ် အတွင်းမှာတော့ ၂၀၂၀ မှာ ဝင်မပြိုင်သေးပါဘူး။ ကြား ဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေ ရာတွေ ရှိလာရင်တော့ ဝင်ပြိုင်ပါ မယ်”ဟု ပြည်သူ့ရှေ့ဆောင်ပါတီ တောင်ကြီးမြို့နယ် ယာယီစည်းရုံး ရေးမှူး မရတနာက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ပြည်သူ့ရှေ့ဆောင်ပါတီ အနေ ဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ် ပြည်လုံး ကျွတ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၁၀ ခန့်၌ ဝင်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်ပြီး ယခုနှစ်၊ ဇွန်လ အထိ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ပါတီရုံးခွဲပေါင်း ၈၀ ခန့် ဖွင့်လှစ် သွား ရန် ရှိနေသည်ဟု ၎င်းထံကသိရသည်။
.
ပါတီ ရုံးခွဲများကို ရှမ်းပြည်နယ် အတွင်း တောင်ကြီးမြို့နယ် အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံနှင့် တာချီလိတ် မြို့နယ်များ၌ ဖွင့်လှစ် ထားပြီးဖြစ်ကာ ရှမ်းပြည်နယ်မြောက် ပိုင်း၊ လားရှိုးမြို့နယ်တွင်လည်း ရုံးခွဲ ဖွင့်လှစ်သွားရန် စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.
ပြည်သူ့ရှေ့ဆောင်ပါတီ တောင် ကြီး မြို့နယ်ရုံးတွင် လက်ရှိ၌ အလုပ် အမှုဆောင် ၉ ဦး ဖြင့် ဖွဲ့စည်းထားပြီး ပါတီဝင် ၅၀ ဦးခန့် ရှိကြောင်း သိရ သည်။
.
ပါတီ၏ နိုင်ငံရေး ရည်ရွယ်ချက် မှာ နိုင်ငံတော် တည်ဆောက်ရေးတွင် အရည်အချင်း ရှိသော၊ နိုင်ငံတော် ဖွံ့ ဖြိုး တိုးတက်ရေးကို လိုလားသော နိုင်ငံသားများ လူမှန်၊ နေရာမှန် ပါဝင် လာခြင်းဖြင့် ငြိမ်းချမ်းသာယာ ဝပြော သော ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတစ်ရပ် ပေါ်ပေါက်လာစေ ရေးအတွက် ရည်ရွယ်ကြောင်း သိရ သည်။
.
ပြည်သူ့ရှေ့ဆောင်ပါတီသည် ပါတီ အမှတ်စဉ် (၁၂၂) ဖြင့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၈ ရက်က နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့် ရရှိခဲ့သည့် ပါတီ တစ်ခုဖြစ်ပြီး ပါတီရုံးချုပ်ကို ရန်ကုန် တိုင်းဒေသကြီး၊ စမ်းချောင်း မြို့နယ် တွင် အခြေစိုက် ဖွင့်လှစ်ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats