COVID-19 ကာလအလွန် အသက် မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်သင်ကြားသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ကာလအလွန် အသက် မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်သင်ကြားသွားမည်

ထမံသီ

.

ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ COVID- 19 ကာလအလွန် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ သင်တန်းများကို မြို့ နယ်အလိုက် ဖွင့်လှစ် သင်ကြားနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

.

စားသောက်ကုန်သင်တန်းနဲ့ လူသုံးကုန်သင်တန်းတွေကို တစ်ခုချင်းစီ ၆ ရက်တာ ရက်တိုသင်ကြား ပေးသွားမှာ ဖြစ်ပါတယ်” ဟု ရှမ်းပြည် နယ် အသေးစား စက်မှုလက်မှုလုပ် ငန်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူး ဦးသက်နိုင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ပြည်နယ်အတွင်း ဆက်လက်ပို့ ချမည့် သင်တန်းများအနေဖြင့် စားသောက်ကုန်သင်တန်းတွင် သင်တန်းသား ၃၀ ဦး၊ လူသုံးကုန်ပစ္စည်း သင်တန်းတွင် သင်တန်းသား ၃၅ ဦးတို့ကို ၆ ရက်တာ အခမဲ့ သင်ကြားပေးသွား မည်ဖြစ်ပြီး သင်တန်းသားများ၏ နေထိုင်စားသောက်ရေး အတွက်ပါ ထည့် သွင်း စီစဉ် ဆောင်ရွက်လျက်ရှိသည် ဟု သိရသည်။

.

ဌာနအနေဖြင့် COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိမီက ပုံမှန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ပေးခြင်း၊ စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန် ပစ္စည်းများကို စစ်ဆေး မှတ်ပုံတင်ပေးခြင်း၊ မူးယစ် ဆေးဖြတ် စခန်းများရှိ လူငယ်များအား အသက် မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ သွားရောက် သင်ကြားပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ပြီး COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေသည့် ကာလအတွင်း၌လည်း ရောဂါ ကာကွယ်ရေး  အတွက် အထူးလိုအပ်သည့် လက်ဆေးဆပ်ပြာရည် (Hand Gel) ထုတ်လုပ်နည်းသင်တန်းကို တစ်ဦးချင်းသော် လည်းကောင်း၊ Online မှ သော်လည်းကောင်း သင်ကြားပေး သည့်အပြင် ဌာနဝန်ထမ်းများ ကိုယ် တိုင် ထုတ်လုပ်သည့် Hand Gel များ ကို လိုအပ်သည့် နေရာများသို့ လှူ ဒါန်းခြင်း၊ ချိုသာသည့် ဈေးနှုန်းများ ဖြင့် ရောင်းချပေးခြင်းတို့ကို ဆောင် ရွက်ပေးနိုင်ခဲ့သည်ဟု သိရသည်။

.

ထို့အပြင် COVID-19 ကာလ အလွန်၌ ဆပ်ပြာရည်၊ ဝိုင်တို့ကို လျှင်မြန်စွာ ဖြည့်သွင်းပေးနိုင်သည့် ဖျော်ရည်ဖြည့်စက်ကို စမ်းသပ် တီထွင် လျက်ရှိကြောင်း ဦးသက်နိုင်ဦး ထံက သိရသည်။

.

COVID-19 ကပ်ရောဂါ ကာလအလွန် ၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ် အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် မြောက် ပိုင်းတို့တွင် ကာလတို စားသောက်ကုန်သင်တန်း ၅ ကြိမ်၊ လူသုံးကုန် သင်တန်း ၁၁ ကြိမ်နှင့် တောင်ကြီး ဆောင်းဒါး ရက်ကန်း သင်တန်ကျောင်းမှ ၄ ကြိမ်၊ စုစုပေါင်း သင်တန်းအကြိမ် ၂၀ ကို ပြီးပြတ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကာ ဒေသ တွင်း အသေးစား စက်မှုလုပ်ငန်း မှတ် ပုံတင်ရထားသည့် လုပ်ငန်းရှင်များအား လုပ်ငန်းပမာဏအပေါ် မူတည်၍ ငွေကျပ် ၅ သိန်းမှ ငွေကျပ်သိန်း ၁၀၀ ထိ ချေးငွေ ထုတ်ပေးနိုင်ရေးအ တွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

.

Journal Download

Photo of three cats