ဆီဆိုင်ရှိ တပ်သိမ်းမြေများနှင့် ပတ်သက်၍ PNO မှ မေတ္တာရပ်ခံစာ ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆီဆိုင်ရှိ တပ်သိမ်းမြေများနှင့် ပတ်သက်၍ PNO မှ မေတ္တာရပ်ခံစာ ထုတ်ပြန်


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ တပ်သိမ်းမြေ အငြင်းပွားမှုနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က ယနေ့ ဇွန်လ ၅ ရက် ရက်စွဲဖြင့် ဒေသခံများအား မေတ္တာရပ်ခံစာ ထုတ်ပြန်ထားသည်ဟု သိရသည်။
.
 
.
ယင်း မေတ္တာရပ်ခံစာတွင် PNO အနေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဖြစ်ပွားနေသော မြေယာပြသာနာနှင့် ပတ်သက်၍ အလွန်ပင် စိတ်မကောင်းဖြစ်မိပါကြောင်း၊ ထို့ကြောင့် တပ်မတော်မှ သိမ်းဆည်းထားသော မြေယာများကို ပြန်လည်ရရှိရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တို့မှ နိုင်ငံတော်အစိုးရနှင့် တပ်မတော်ထံတွင် တင်ပြမေတ္တာရပ်ခံပေး လျက်ရှိကြောင်း၊ သိမ်းဆည်းခံ မြေယာများ ပြန်လည်ရရှိရန်အတွက် တစ်ဦးနှင့်တစ်ဦး မေတ္တာမပျက်စေရန် လိမ္မာပါးနပ်ပြီး အပြုသဘောဆောင်သော ချည်းကပ်နည်းဖြင့် ကြိုးစားသင့်ကြောင်း၊ အပြုသဘောမဆောင်သော (Social Network) ပေါ်တွင် ဆဲဆိုခြင်း၊ မြေပြသာနာကို ဂဃနဏ မသိဘဲ ရေးတင်ခြင်းများကို မပြုလုပ်သင့်ကြောင်း၊  တစ်ဦးနှင့်တစ်ဦး ရန်မဖြစ်သော နည်းလမ်းများ၊ အကျိုးရှိစေသော ဖြေရှင်းနည်း များနှင့် ရေရှည်အကျိုးကို မျှော်တွေး စေလိုကြောင်း ဖော်ပြပါရှိသည်။
.
ထို့အပြင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေဖြင့် သိမ်းဆည်းခံမြေယာများ ပြန်လည်ရရှိရေးအတွက် နိုင်ငံတော် အစိုးရနှင့် တပ်မတော်တို့ထံ မေတ္တာရပ်ခံ ခဲ့ရာ ဟိုပုံးမြို့နယ်ရှိ မြေယာပေါင်း ၁၄၁၁၇ ဒသမ ၉၈ ဧက၊ ဆီဆိုင်မြို့နယ်မှ ၂၀၀ ဧကနှင့် နောင်မွန်မှ မြေယာ ၄၇ ဒသမ ၆၂ ဧကအား ပြန်လည်ရရှိခဲ့ပါကြောင်း ယင်းထုတ်ပြန်စာတွင် ဖော်ပြထားသည်။
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ တပ်မတော်မှ သိမ်း ဆည်းထားသည့် မြေများပေါ်တွင် ဒေသခံတောင်သူများက သွားရောက်ထွန်ယက်စိုက်ပျိုးခြင်း၊ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခြင်းတို့ကြောင့် တပ်မတော်မှ ဒေသခံများအား ဆီဆိုင်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားမှုများ ရှိနေကြောင်း သိရသည်။
.
အဆိုပါ တပ်သိမ်းမြေကိစ္စနှင့် ပတ်သက်၍ ဇွန်လ ၄ ရက်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ဆီဆိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံ ညှိနှိုင်းမှု ပြုလုပ်ခဲ့ရာ တိုင်းမှူး၏ ပြောဆိုမှုကို တောင်သူများ မှ ကျေနပ်အားရမှု မရှိကြကြောင်းလည်း သိရသည်။
.

Journal Download

Photo of three cats