ပြိုကျပျက်စီးခဲ့သည့် ပင်လောင်း ဟော်နန်းနေရာတွင် နတ်နန်း တည်ဆောက်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြိုကျပျက်စီးခဲ့သည့် ပင်လောင်း ဟော်နန်းနေရာတွင် နတ်နန်း တည်ဆောက်သွားမည်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ရှိ ပြိုကျပျက်စီးခဲ့သည့် ပင်လောင်း ဟော်နန်းနေရာတွင် မြေ စောင့်နတ်နန်း တည်ဆောက်ထိန်း သိမ်းသွားမည် ဖြစ်ကြောင်း သိရ သည်။
.

.
ဗုဒ္ဓတက္ကသိုလ် ဆရာတော်ကို အမေ မသေခင်ကတည်းက လှူခဲ့ပြီး ပါပြီ။ အခု ဟော်နန်းနေရာမှာ အ စောင့်အရှောက်တွေအတွက် နတ် နန်း စောက်ဖို့၊ ဟော်နန်းကို ပြန်လည် ထိန်းသိမ်းနိုင်ဖို့ မွေတော်ဆရာတော် ကို ကူညီပေးနေပါတယ်”ဟု ပင် လောင်းစော်ဘွားကြီး စဝ်မိုးကျော် ၏ သမီးဖြစ်သူ ဒေါ်စဝ်စိန်လှက ပြော သည်။
.
ပြီးခဲ့သည့် မေလ ၁၉ ရက်၊ နံ နက်ပိုင်းက ပြိုကျခဲ့သည့် ပင်လောင်း ဟော်နန်း နေရာတွင် ဟော်နန်းအ ရှင်ထံ ရှမ်းရိုးရာဓလေ့ထုံးတမ်း အ စဉ်အလာဖြင့် ခွင့်တောင်းပွဲခံ၍ ပင် လောင်းမြို့၊ မွေတော်ပရိယတ္တိ ဆရာ တော်က လာရောက် ချီးမြှင့်ပေးခဲ့ပြီး ဟော်နန်းသန့်ရှင်းရေးကို ရပ်ကွက် လူငယ်များ စုပေါင်း လုပ်ဆောင်ကာ ယာယီနတ်နန်းကို ဆောက်လုပ်ခဲ့ ကြောင်းနှင့် မည်သူမဆို လာရောက် လှူဒါန်းနိုင်ကြောင်း ၎င်းက ဆက် လက် ပြောဆိုခဲ့သည်။
.
အဆိုပါ ပင်လောင်းဟော်နန်းကို ပင်လောင်းစော်ဘွားကြီး စဝ်ခွန်ခမ်း ချိုလက်ထက် ၁၉၁၄ ခုနှစ် ကတည်း က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နှစ် ပေါင်း ၁၀၆ နှစ်ကျော်သက် တမ်းရှိ ပြီဖြစ်ကာ နောက်ဆုံး ပင်လောင်း စော်ဘွား စဝ်မိုးကျော် ၁၉၆၂ ခုနှစ် တွင် ထိန်းသိမ်းခံရပြီးနောက် ၁၉၆၈ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာ ခဲ့သော်လည်း ရန်ကုန်တွင် ၃ နှစ် ကြာ အကျယ်ချုပ် ခံခဲ့ရသဖြင့် ဟော် နန်းကို ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိခဲ့ ကြောင်း သိရသည်။
.
ပြိုကျပျက်စီးခဲ့သည့် ဟော်နန်း ကြီးမှာ အလျား ၁၂၀ ပေ၊ အနံ ပေ ၇၀ ရှိ သစ်သား ၂ ထပ်ဆောင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ မေလ ကတည်းက တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ပြီးနောက် ၂၀၁၉-၂၀၂၀ ပြည့်နှစ် မေလ ၁၉ ရက်တွင် လုံးဝ ပြိုကျ ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ပင်လောင်းသည် ရှေးရှမ်းစော် ဘွားနယ်မြေ ၃၄ နယ်အနက် တစ်ခု အပါအဝင်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats