မြဝတီပြန် ၄၁ ဦး ပင်းတယမြို့နယ်သို့ ရောက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြဝတီပြန် ၄၁ ဦး ပင်းတယမြို့နယ်သို့ ရောက်ရှိ

ထမံသီ

.

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက် လာသူ ၄၁ ဦးသည် ဇွန်လ ၁၄ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ မြို့နယ်သို့ ရောက်ရှိလာ ခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ နေရပ်ပြန်များကို ပင်းတယမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ ဒေသတွင်း စေတနာ့ဝန်ထမ်းနှင့် ပရဟိတအဖွဲ့များမှ ကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်ကာ ဇူလိုင်လ ၁ ရက်အထိ Facility Quarantine ထားရှိသွားမည်ဖြစ်ပြီး ၎င်းတို့၏ ဓါတ်ခွဲနမူများကို ရယူစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

.

ပင်းတယမြို့နယ်တွင် ယခင်ပြည်ပပြန်များဖြစ်သည့် မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ တစ်ဦး၊ တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ၅၀ ဦးနှင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ၈၄ ဦး၊ စုစုပေါင်း ၁၃၅ ဦးတို့အား အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ဓါတ်ခွဲနမူနာပေးပို့စစ်ဆေးခဲ့ရာ ၁၃၀ ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရှိရဘဲ ၅ ဦး၏ ဓါတ်ခွဲအဖြေများကို စောင့်ဆိုင်းနေဆဲဖြစ်ကာ ဓါတ်ခွဲအဖြေ ရရှိပြီးသူများကို သက်ဆိုင်ရာနေရပ် အသီးသီးသို့ ပြန်လည်ပို့ဆောင်ပြီးဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats