မင်းမင်း
.
ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင်
တရားဝင် မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် နိုင်ငံရေးပါတီ ၃၂ ခု ရှိနေပြီး ယင်းပါတီ
အများစုမှာ ၂၀၂၀ ပြည့်နှစ် ပြည်လုံး ကျွတ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားဖွယ်
ရှိနေသည်ဟု သိရ သည်။
.
.
အဆိုပါ
ပါတီ ၃၂ ခုတွင် ရှမ်းပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသား ပါတီ ၁၅ ခု၊ အခြား တိုင်းဒေသကြီး
နှင့် ပြည်နယ်များတွင် ဌာန ချုပ်ထား ရှိ၍ ရှမ်းပြည်နယ်တွင် ပါတီရုံးခွဲ ဖွင့်လှစ်ထားသည့်
နိုင်ငံရေးပါတီကြီး နှင့် တိုင်းရင်းသားပါတီ ၁၇ ခုတို့ ပါ ဝင်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်၌
အခြေစိုက်ရုံး ဖွင့်လှစ်ထားသည့် ဌာနေတိုင်းရင်းသားပါတီများမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊
ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊
ကယန်း အမျိုးသားပါတီ၊ အင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊
ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ဓနုအမျိုးသားများ အဖွဲ့ချုပ်ပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊
ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ ၊ရှမ်းပြည်ကိုးကန့်
ဒီမိုကရက်တစ်ပါတီ၊ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ “ဝ”အမျိုးသားပါတီနှင့်
ကချင် အမျိုးသားပါတီ တို့ဖြစ်ကြောင်း သိရ သည်။
.
ထို့အပြင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊
လီဆူအမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ ဖက်ဒရယ်ပြည် ထောင်စုပါတီ၊ ညီ ညွတ်သော ဒီမိုက
ရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီ၊ အမျိုးသား ဒီမိုက ရေစီ အင်အားစုပါတီ၊
အမျိုးသားတိုး တက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ၊ ပြည်သူ့ပါတီ၊
လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊
အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီနှင့်
ပြည်သူ့ရှေ့ဆောင်ပါတီတို့မှာ ရှမ်းပြည်နယ် အတွင်း ရုံးခွဲများ ဖွင့်လှစ်ထား ရှိ ကြောင်း
သိရသည်။
.
No comments:
Post a Comment