ပြည်ခိုင်ဖြိုး အပါအဝင် နိုင်ငံရေးပါတီ ၃၀ က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံရန် တောင်းဆို - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, June 21, 2020

ပြည်ခိုင်ဖြိုး အပါအဝင် နိုင်ငံရေးပါတီ ၃၀ က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံရန် တောင်းဆို

ကိုစိုး (ကမ္ဘောဇတိုင်း)
.
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၃၀ ခုတို့က ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံခွင့် ရရန် ဇွန်လ ၁၆ ရက်က စုပေါင်းလက် မှတ်ရေးထိုး တောင်းဆိုထား သည်ဟု သိရသည်။
.
 
.
အဆိုပါ တောင်းဆိုစာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၄ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲအရ အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပပြု လုပ်သွားမည်ဟု သိရပါကြောင်း၊ ယင်း ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမှု ရှိသော ရွေးကောက်ပွဲ ဖြစ်စေရန် ပြည်သူလူထု တစ်ရပ်လုံးကလည်းကောင်း၊ ပြည်သူ့အစိတ် အပိုင်းများဖြင့် ဖွဲ့စည်း ထားသည့် နိုင်ငံရေးပါတီများကလည်းကောင်း မျှော်လင့်တောင့်တလျက်ရှိပါကြောင်းနှင့် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်နိုင်ရေးအတွက် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံညှိနှိုင်း ရှင်းလင်းရန် လိုအပ် ပါကြောင်းဖော်ပြ ပါရှိသည်။
.
“ဇွန်လ ၁၆ ရက်နေ့က နိုင်ငံရေး ပါတီ ၃၀ ကနေ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ကို လိပ်မူပြီး စာ တင်ထားပါတယ်။ ပေးပို့ရတဲ့ရည်ရွယ် ချက်ကတော့ လွတ်လပ်ပြီး တရားမျှ တတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ၅ လ သာ လိုတော့တဲ့ အခြေအနေမှာ UEC အနေနဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံ ညှိနှိုင်းမှုဟာ လွတ်လပ်ပြီး တရားမျှ တတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ဖို့ ရည် ရွယ်ချက်နဲ့ ပေးပို့ခဲ့တာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦး သိန်းထွန်းဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ထိုသို့ တွေ့ဆုံရာတွင် ဆန္ဒမဲရေ တွက်မှု ဆိုင်ရာ လုပ်ထုံး လုပ်နည်း၊ (မဲရုံ တစ်ခုချင်းအလိုက် ရေတွက် ခြင်း၊ မြို့နယ်တွင် စုစည်း၍ ကိုယ်စား လှယ်အားလုံးရှေ့မှောက်၌ ရေတွက် ခြင်း)၊ ရွှေ့ပြောင်း မဲဆန္ဒရှင်များဆိုင် ရာ လုပ်ထုံးလုပ်နည်း၊ ကြိုတင်မဲဆိုင် ရာ လုပ်ထုံးလုပ်နည်း၊ ကိုယ်စားလှယ် လောင်းများ အမည်စာရင်းပေးသွင်း မှု၊ ကိုယ်စားလှယ်လောင်းများ၏ ကျင့်ဝတ်၊ မဲဆန္ဒနယ်မြေ၊ မဲစာရင်း ကောက်ယူမှု၊ မဲစာရင်းတွင် မပါ၍ ထပ်မံ တင်ပြမှု၊ မဲရုံ အရေအတွက်၊ မဲရုံအလိုက်၊ မဲဆန္ဒနယ်အလိုက် ရွေး ကောက်ပွဲ အထမြောက် အောင်မြင် စေရန် မဲ လာရောက်ပေးရန် အနည်း ဆုံး လိုအပ်သော မဲဆန္ဒရှင် အရေအ တွက် ရာခိုင်နှုန်း သတ်မှတ်မှု၊ ပါတီ တစ်ရပ်၏ ပုံရိပ်ကို မြှင့်တင်ရန် အ တွက် ပြည်သူအားလုံးနှင့် သက်ဆိုင် သော မြို့မိမြို့ဖ အမည်ကို အသုံးချ ခြင်း၊ နိုင်ငံတော် ခေါင်းဆောင်များ၏ ပုံရိပ်နှင့် ဆက်စပ်သည့် အသုံးအ ဆောင်များ အသုံးပြု ရှောင်ရှားရေး အပါအဝင် အခြား ကိစ္စရပ်များအား တွေ့ ဆုံ ဆွေးနွေးခွင့်ရရန် နိုင်ငံရေးပါတီများ က တောင်းဆိုထားကြောင်း သိရသည်။
.
အဆိုပါ တောင်းဆိုချက်ကို ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီ အပါအဝင် နိုင်ငံရေး ပါတီ ၃၀ ခုမှ ခေါင်းဆောင်များက လက်မှတ်ရေး ထိုး တင်ပြခဲ့ခြင်း ဖြစ်ပြီး ရှမ်းပြည် နယ် အတွင်းရှိ တိုင်းရင်းသားနိုင်ငံ ရေး ပါတီများဖြစ်သော လီဆူအမျိုး သား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါ တီ၊ “ဝ”အမျိုးသား ပါတီ၊ ပအိုဝ်းအ မျိုးသား  အဖွဲ့ချုပ် ပါတီ၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီတို့ လည်း ပါဝင် လက်မှတ်ရေးထိုးထား ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)