ရွှေမြေကြီး အော်ဂဲနစ်စိုက်ပျိုး ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တွင် သဘာ၀မြေဩဇာ ပြုလုပ်အသုံးချနည်း ပြသ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, June 25, 2020

ရွှေမြေကြီး အော်ဂဲနစ်စိုက်ပျိုး ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တွင် သဘာ၀မြေဩဇာ ပြုလုပ်အသုံးချနည်း ပြသ

ထမံသီ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တွင် ဇွန်လ ၂၄ ရက်က အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာရှိ ရွှေမြေကြီးအော်ဂဲနစ် စိုက်ပျိုးဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဦးလှမြင့်ကျော် ဦးဆောင် ၍ အော်ဂဲနစ်နည်းပညာများအား သွားရောက်ပြသခဲ့ကြောင်း သိရသည်။
.
 
.
ထိုသို့ပြသရာတွင် သဘာ၀မြေဩဇာဖြစ်သည့် စူပါဘိုကာရှီနှင့် အဆင့်မြင့်ဘိုကာရှီပြုလုပ်ရာတွင် လိုအပ် သည့် ကုန်ကြမ်းများ အသုံပြုနည်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပြသရာ သင်တန်းသို့ တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်မှ အောက်စဖို့စ်ဆရာတော်နှင့် ရဟန်းတော်စာသင်သားများ၊ ဒေသခံ တောင်သူ ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ လက်တွေ့ပြသ ရာမှ ထွက်ရှိလာသည့် သဘာ၀ မြေဩဇာကို ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ကျောင်း ဝင်း အတွင်းရှိ အော်ဂဲနစ်စိုက်ခင်းတွင် အသုံးပြုသွား မည်ဖြစ်ကြောင်းသိရသည်။
.
အောင်ပန်းမြို့ သာမိုင်းခမ်း ရွှေမြေကြီးအော်ဂဲနစ်စိုက်ပျိုးဖွံ့ဖြိုးတိုးတက်ရေးအသင်းကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အသင်းအမှတ် (၂/ရှမ်း/၀၃၃)ဖြင့် အသင်းအဖွဲ့မှတ်ပုံတင်၍ အော်ဂဲနစ် နည်းပညာနှင့် အော်ဂဲနစ် ထုတ်ကုန်များကို ပြည်တွင်းပြည်ပသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
.
အသင်းအနေဖြင့် COVID-19 ကာလအတွင်း၌လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ အသိပညာ ပေး ဟောပြောပွဲများကို  Social Distancing ပေါ်လစီဖြင့် ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာနှင့် ရွာငံမြို့နယ် အတွင်း ကျေးရွာ ၆ တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုများအတိုင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About