ရွှေမြေကြီး အော်ဂဲနစ်စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အော်ဂဲနစ်နည်းစနစ်များ ဖြန့်ဝေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, June 3, 2020

ရွှေမြေကြီး အော်ဂဲနစ်စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အော်ဂဲနစ်နည်းစနစ်များ ဖြန့်ဝေ


ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သာမိုင်းခန်းကျေးရွာရှိ ရွှေမြေကြီးအော်ဂဲနစ် စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တစ်ပြည်လုံးအတိုင်းအတာဖြင့် အော်ဂဲနစ်နည်းပညာများကို ဖြန့်ဝေပေးလျက်ရှိသည်ဟု သိရသည်။
.
 
.
ဒေသတွင်း ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကို တည်ဆောက်နိုင်ရန်နှင့် တောင်သူများ ကြွေးကင်းဖူလုံသော ဘဝများ ပိုင်ဆိုင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယင်းကဲ့သို့ နည်းစနစ်များ ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း ရွှေမြေကြီးအော်ဂဲနစ်သင်တန်းကျောင်း ဦးဆောင်သူ ဦးလှကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ရွှေမြေကြီးအော်ဂဲနစ်သင်တန်းကျောင်းကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သာမိုင်းခန်းရှိ အော်ဂဲနစ် စံပြစိုက်ခင်း ၂ ဧကတွင် ၅ ရက် စာတွေ့လက်တွေ့သင်တန်းကို ဒေသတွင်း ညောင်ရွှေ၊ ရွာငံ၊ပင်းတယ၊ ကလော၊ တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းတို့မှ ဒေသခံတောင်သူများအား စာတွေ့လက်တွေ့ပို့ချခြင်း၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ စလင်း၊ ပေါက်၊ ပွင့်ဖြူနှင့် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်များရှိ တောင်သူများထံ အော်ဂဲနစ်သွင်းအားစု နည်းပညာများကို ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
ထို့အပြင် ၂၀၁၇ ခုနှစ်တွင် Uplands Township Fund ၏ ပံ့ပိုးမှုဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာသင်တန်း ပေးခြင်းနှင့် စျေးကွက်ချိတ်ဆက်ဖေါ်ဆောင်ပေးခြင်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
အလားတူ ၂၀၁၈ ခုနှစ်တွင် အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများကွန်ရက်ဖွဲ့စည်းခဲ့ပြီး ကွန်ရက်မှ ထုတ်လုပ်သော အော်ဂဲနစ်သီးနှံများကို စနစ်တကျ ပြင်ဆင်ထုတ်ပိုးကာ တည်ငြိမ်သောစျေးနှုန်းနှင့် ခိုင်မာသောစျေးကွက်ရရှိနိုင်ရေး ဖော်ဆောင်တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။ 
.

No comments:

Post a Comment

Journal Download

Photo of three cats

About