ညောင်ရွှေတွင် ဝက်နှင့် ဝက်ထွက်ပစ္စည်းများအား ယာယီကန့်သတ်တားမြစ်ကြောင်း အသိပေးမြေစိုက်ပိုစတာများ စိုက်ထူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, June 4, 2020

ညောင်ရွှေတွင် ဝက်နှင့် ဝက်ထွက်ပစ္စည်းများအား ယာယီကန့်သတ်တားမြစ်ကြောင်း အသိပေးမြေစိုက်ပိုစတာများ စိုက်ထူ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်အတွင်း သံသယဖြစ်ဖွယ် ဝက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ သဖြင့် ဝက်နှင့် ဝက်ထွက်ပစ္စည်းများ တင်ပို့၊ ရောင်းချမှုများကို ယာယီကန့်သတ်တားမြစ်ကြောင်း ညောင်ရွှေမြို့နယ် အတွင်းရှိ အချက်အခြာကျသည့် နေရာ ၁၆ ခုတွင် ယနေ့ ဇွန်လ ၄ ရက်၊ နံနက်ပိုင်းက အသိပေးဗီနိုင်းပိုစတာများ စိုက်ထူခဲ့သည်ဟု သိရသည်။
.
 
.
“လမ်းဆုံ၊ လမ်းခွ၊ ဈေး၊ လှေဆိပ်နဲ့ လူအများ သွားလာနေတဲ့ နေရာတွေမှာ စိုက်ထူတယ်။ ပြီးတော့ တခြားရွာတွေမှာ လည်း စိုက်ထူဖို့ အစီအစဉ်ရှိပါတယ်” ဟု ညောင်ရွှေမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်မင်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် ဝက်သားသတ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများကိုလည်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရေးအတွက် ဇွန်လ ၃ ရက်တွင် တွေ့ဆုံရှင်းလင်း ပြောကြား ခဲ့ပြီးဖြစ်ကာ ဒေသတွင်းရှိ အခြားမြို့နယ်များတွင်လည်း အသိပေးဆိုင်းဘုတ်များ စိုက်ထူသွားရန်ရှိကြောင်း သိရသည်။
.
“နယ်စပ်တွေနဲ့ ရွာတွေမှာ သတင်းယူစောင့်ကြည့်ပြီး တခြားက ဝင်မလာဖို့ ကန့်သတ်ပေမဲ့ မြို့နယ်အတွင်းမှာတော့ ရောင်းချတာတွေ ရှိပါတယ်။ အသိပညာပေးတာနဲ့ သတိပေးတာတွေတော့ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ အသိပေးတားမြစ်ရာတွင် ညောင်ရွှေမြို့နယ်နှင့် နယ်မြေချင်း ဆက်စပ်လျက် ရှိသော တောင်ကြီး၊ ဟိုပုံး၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်း၊ ဆီဆိုင်၊ ရပ်စောက်နှင့် ဖယ်ခုံမြို့ နယ်တို့တွင် တစ်မြို့နယ်မှ တစ်မြို့နယ်သို့ လည်းကောင်း၊ အဆိုပါမြို့နယ်များမှ ပြင်ပဒေသများသို့ လည်းကောင်း ဝက်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်း၊ တင်ပို့၊ ရောင်းချမှုများကိုလည်းကောင်း ဇွန် ၁ ရက်မှစ၍ ယာယီကန့်သတ်တားမြစ်ကြောင်း၊ တားမြစ်ချက်များ ဖောက်ဖျက် ကျူးလွန်ကြောင်း တွေ့ရှိရပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About