မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ညောင်ရွှေမြို့နယ်အတွင်း စားသုံးသူ ပြည်သူများ အဆင်ပြေစေရေး အ တွက် ဇွန်လ ၂၂ ရက်မှ
စတင်၍ ယာ ယီဈေးကို နံနက်ဈေး/ညဈေး ဟူ၍ ၂ နေရာခွဲပြီး ဖွင့်လှစ် ရောင်းချပေး လျက်ရှိကြောင်း
သိရသည်။
.
.
“COVID-19 ကာလမှာ ဝင်ငွေရ
ဖို့ ဈေးရောင်းသူတွေ များလာတယ်။ ဈေးရောင်းချိန် နည်းတာရယ်၊ ရာသီ ဥတု ပူလာရင် နံနက်ဈေးအနေနဲ့
ဈေးသည်တွေ အဆင်မပြေတာ၊ သတ်မှတ် ဈေးချိန်ကုန်လို့ မနက်မှာ မရောင်း ရတာတွေကို တချို့က
ကား လေးတွေ၊ လှည်းလေးတွေနဲ့ လိုက် ရောင်း ကြတော့ အပူချိန်လည်း သက် သာ၊ ဈေးသည်တွေလည်း
ဆက် ရောင်းလို့ရ၊ အများပြည်သူလည်း အ ဆင်ပြေအောင် အရင်ဈေးကြီးနားမှာ ပဲ အကွက်ရိုက်ပြီး
မနက်ဈေးက ဈေး သည်တွေကို ဦးစားပေးပြီး ရောင်းချ စေပါတယ်။ တခြားကလာရောင်းတဲ့ ပျံကျဈေးသည်တွေလည်း
တခြားနေ ရာမှာ ရောင်းစရာမလိုတော့ဘူးပေါ့” ဟု ညောင်ရွှေမြို့နယ် စည်ပင်သာ ယာရေးဌာနမှ
ဦးစီးအရာရှိ ဒေါ်တင် မာအေးက ကမ္ဘောဇတိုင်းသို့ ပြော သည်။
COVID-19 ကပ်ရောဂါ ကာကွယ်
ထိန်းချုပ် ကုသရေး ကာလအတွင်း ညောင်ရွှေမြို့ရှိ ကျောက်တိုင်ကွင်းကို ယာယီဈေးအဖြစ် နံနက်
၅ နာရီခွဲမှ ၁၀ နာရီခွဲအထိ ရောင်းချခွင့်ပြုထား ပြီး ဈေးခုံ ၁၅၀ ထားရှိ ပေးထားသော်
လည်း ဈေးနေ့မှအပ ကျန်နေ့များတွင် ကုန်လက်ကျန် များပြားသဖြင့် ဗိုလ် ချုပ်ပန်းခြံဟောင်းတွင်
နေ့လယ်ဈေး အဖြစ် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီ အထိ ဖွင့်လှစ် ရောင်းချခွင့် ပြု ပေးခြင်း
ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment