ညောင်ရွှေတွင် ဈေးမရောင်းရ နေရာများ၌ ရောင်းချသူများအား နောက်ဆုံးအကြိမ်အဖြစ် သတိပေးမှု ပြုလုပ် - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, June 20, 2020

ညောင်ရွှေတွင် ဈေးမရောင်းရ နေရာများ၌ ရောင်းချသူများအား နောက်ဆုံးအကြိမ်အဖြစ် သတိပေးမှု ပြုလုပ်

မင်းဇော်မင်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ဈေးမ ရောင်းရန် တားမြစ်ထားသော နေရာ များ၌ ဈေး ရောင်းချနေသူများအား ဇွန်လ ၁၇ ရက်က မြို့နယ်စည်ပင်သာ ယာရေးဌာန၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူး ပေါင်းအဖွဲ့မှ သွားရောက် ရှင်းလင်း သတိပေး အရေးယူမှုများ ဆောင် ရွက် ခဲ့သည်ဟု သိရသည်။
.
.
ယာယီဈေးမှာ ရောင်းချပေးဖို့ အားလုံးကို ဖိတ်ခေါ်ထားပေမဲ့ တောင်ကြီး၊ ညောင်ရွှေ ဈေးနေ့ဆိုရင် လမ်း ဘေး ဈေးမရောင်းရ နေရာတွေမှာ အလွယ်တကူ ရောင်းချနေကြတာတွေက စည်ပင်ဥပဒေအရရော COVID -19 ကာလ ကျန်းမာရေးစည်းကမ်း ထုတ်ပြန်ချက်တွေအရရော ခွင့်ပြု ပေးလို့ မရပါဘူး။ နောက်ပိုင်း အခုလို ရောင်းချတာတွေ့ရင် စည်ပင်ဥပဒေ အရ အရေးယူသွားဖို့ သတိပေးပါ တယ်”ဟု ညောင်ရွှေမြို့နယ် စည်ပင် သာယာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်မာအေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ညောင်ရွှေမြို့၊ ဝင်းရပ်၊ လယ် တော်ခေါင်းရပ်၊ တာပတ်လမ်းနှင့် ညောင်ရွှေမြို့အဝင် ရွှေရန်ပြေ ဘုရား အနီးတွင် စည်ပင်သာယာရေး ဌာနမှ ခွင့်ပြုချက် ရယူထားခြင်းမရှိဘဲ တား မြစ်ထားသော နေရာများ၌ ဈေး ရောင်းချနေသူများအား ဇွန်လ ၁၇ ရက်မှ စတင်၍ သတိပေး ရှင်းလင်းမှု များကို ဆက်တိုက် ဆောင်ရွက်နေ ခြင်း ဖြစ်ကြောင်း သိရသည်။
.
COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကာလတွင် ယာ ယီဈေး အတွင်း၌ ကျန်းမာရေးလမ်း ညွှန်ချက်များနှင့် အညီ နေ့စဉ်ရောင်း ချနေသည့် ဈေးဆိုင် ၁၃၀ ခန့်ရှိရာ တောင်ကြီး၊ ညောင်ရွှေဈေးနေ့များ တွင် ညောင်ရွှေမြို့နယ် အတွင်းမှ လာရောက်ရောင်းချသည့် ဈေးသည် များအတွက် အမိုးအကာ လိုအပ်ချက် များ ရှိနေသော်လည်း တတ်စွမ်းသမျှ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်း က ဆက်လက် ပြောဆိုခဲ့သည်။
.
အဆိုပါ သတ်မှတ်ပေးထားသည့် ယာယီဈေးများအတွင်း ရောင်းချရန် နေရာ ရှိသော်လည်း အခြားနေရာများ ဖြစ်သည့် လမ်းမဘေးများတွင်လည်း ကောင်း၊ အိမ်ခြံဝင်းများ အတွင်း၌ လည်းကောင်း ဈေးဆိုင် ခင်းကာ ရောင်းချမှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ အရေးယူ ဆောင်ရွက်ရခြင်း ဖြစ်ပြီး လမ်းဘေးတွင် ဈေးရောင်းချ သူများမှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် ခြင်း၊ ပတ်ဝန်းကျင်တွင် အနံ့အသက် ဆိုးများ ဖြစ်ပေါ် စေခြင်းအပြင် ယာယီ ဈေးအတွင်း ရောင်းချနေသည့်ဆိုင် များတွင် ဝယ်လိုအား လျော့နည်းမှု များ ဖြစ်ပေါ် လာသဖြင့် ဒေသခံများမှ တိုင်ကြားမှုများ ရှိလာခြင်းကြောင့် ယခုကဲ့သို့ စည်းကမ်းမဲ့ ဈေးရောင်း ချသူများကို ရှင်းလင်းသတိပေးရခြင်း ဖြစ်သည်ဟု သိရသည်။
.
ညောင်ရွှေမြို့နယ် အတွင်းရှိ ယာ ယီဈေးကို ယခင်က နေ့စဉ် နံနက် ၆ နာရီမှ ၁၀ နာရီအထိသာ ရောင်းချ ခွင့် ပြုခဲ့ရာမှ ယခုအခါ နံနက် ၅ နာ ရီမှ ၁၁ နာရီအထိ ဈေးရောင်းချိန် တိုးမြှင့်ပေးထားပြီး အကယ်၍ စည်း ကမ်း ဖောက်ဖျက်ကျူးလွန်ပြီး ဈေး ရောင်းချခြင်း၊ သတ်မှတ်နေရာတွင် ရောင်းချခြင်း မရှိပါက စည်ပင်သာ ယာရေး ဥပဒေအရ တရားစွဲဆိုသွားမည် ဖြစ်ပြီး ၁ နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်ငွေ ၄ သိန်းကျပ် ဖြစ်စေ ပေးဆောင် ရမည် ဖြစ်ကြောင်း သိရသည်။
.
ထိုသို့ ရှင်းလင်း ဆောင်ရွက်ရာ တွင် စည်းကမ်းမဲ့ လမ်းဘေးရောင်းချ သူ ဈေးသည် ၂၀ ဦးခန့်အား စည်ပင် သာယာရေး ဈေးရောင်းချမှုလိုင်စင် ရယူ ဆောင်ရွက်သွားရန်နှင့် နောက် နောင် စည်းကမ်းမဲ့ ဈေးရောင်းချခြင်း မပြုရန် ခံဝန်ကတိလက်မှတ် ရေး ထိုးစေခဲ့ပြီး သတိပေးခံဝန်ကတိ ရယူ မှုမှာ ယခင် ကတည်းက ၄ ကြိမ်ထက် မနည်း ဆောင် ရွက်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)